ကိုယ့် Email အကောင့်ထဲကို ကိုယ်မသိတဲ့လိပ်စာတွေနဲ့ ကြော်ငြာတွေ၊ စိတ်အနှောက်အယှက်ဖြစ်စရာတွေ၊ သတင်းမှားပေးပို့ချက်တွေနဲ့ ဝင်လာတတ်တဲ့ Mail မျိုးကို Spam Mail လို့ခေါ်ပါတယ်။ တစ်နည်းအားဖြင့် အွန်လိုင်းပေါ်က အမှိုက်တွေပါပဲ။ Google, Yahoo, Live စတဲ့နာမည်ကျော် Email ဝန်ဆောင်မှုတွေမှာ Spam Mail တွေကို တတ်နိုင်သမျှ စစ်ထုတ်ကာကွယ်ပေးတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားကြပေမဲ့ Spam Mail တွေက နည်းလမ်းပေါင်းစုံနဲ့ ဝင်လာ တတ်ပါသေးတယ် ဒါကြောင့် Email အသုံးပြုသူတွေအတွက် ကိုယ့်ဆီရောက်လာတဲ့ Spam Mail တွေကို အမြင်ဆန်းဆန်း Desktop Wallper အဖြစ်ပြောင်းလဲပစ်နိုင်မဲ့ Website လေးတစ်တစ်ခုကို ဒီတစ်ပတ်မှာ မိတ်ဆက်ပေးချင်ပါတယ်။

SpamRecycling ဟာ သုံးစွဲသူတွေဆီက Spam Mail တွေကို မော်ဒန်ပန်းချီကားဆန်ဆန် Graphic Design Desktop Wallpaper တွေအဖြစ် ပြောင်းလဲပေးသွားမဲ့ Web Service တစ်ခုဖြစ်ပါတယ်။ အသုံးပြုသူအနေနဲ့ ကိုယ့်ရဲ့ Spam Mail တွေကို spam@spamrecycling.com ဆိုတဲ့လိပ်စာကို Forward ပေးပို့ပေးရမှာဖြစ်ပြီး အဲဒီအခါမှာ SpamRecycling ကနေ လက်ခံရရှိကြောင်းစာနဲ့အတူ Link လေးတစ်ခုကို ပြန်လည်ပေးပို့မှာ ဖြစ်ပါတယ်။ အဲဒီ Link က နေတစ်ဆင့် ကိုယ့် Spam Mail ကို Wallpaper အဖြစ် တဆင့်ချင်း ပြောင်းလဲနိုင်မဲ့နေရာကို ရောက်ရှိသွားမှာ ဖြစ်ပါ တယ်။ အဲဒီနေရာမှာ ကိုယ့် Spam Mail ထဲက စာသားတွေကိုအသုံးပြုပြီး ကိုယ့်စိတ်ကြိုက် နောက်ခံအရောင်၊ ဒီဇိုင်းတွေနဲ့ Wallpaper အဖြစ် ပြောင်းလဲဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Spam Mail စာသားတွေကနေ Graphic Design တွေ အဖြစ် အဆင့်ဆင့်ပြောင်းလဲနေပုံကို အရုပ်အသံ Animation Effect တွေနဲ့ ကြည့်ရှုခံစားနိုင်မှာလည်း ဖြစ်ပါတယ်။ ကိုယ် ဖန်တီးလိုက်တဲ့ ဒီဇိုင်းကို Wallpaper အဖြစ် ပြန်လည်ရယူလိုသူတွေအတွက် SpamRecycling က Email ပို့ပေးသလို ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေဆီ ပေးပို့နိုင်အောင်လည်း စီစဉ်ပေးထားတာကို တွေ့ရပါတယ်။

စိတ်ပါဝင်စားသူတွေအတွက် SpamRecycling ကို http://www.spamrecycling.com မှာ အခမဲ့သွားရောက် အသုံးပြုနိုင်ပါတယ်။

Yangonese!

Related Posts

  • No Related Post