ယနေ့ခေတ်မှာ အဆင်ပြေလွယ်ကူမှုကို အကြောင်းပြုပြီး တစ်ခါသုံး ပလတ်စတစ်အိတ်၊ တစ်ခါသုံး ဘရိတ်ဓား၊ တစ်ခါသုံးဇွန်း၊ တစ်ခါသုံးရေခွက် စသဖြင့် အရာအားလုံးက တစ်ခါသုံးတွေ ဖြစ်လာကြပါတယ်။ ဒီလိုပဲ ဆိုက်ဘာကမ္ဘာကြီး ထဲအထိ တစ်ခါသုံး email address, တစ်ခါသုံး website လိပ်စာစသည်ဖြင့် ကူးစက်ပျံ့နှံ့လာရာမှာ ဒီတစ်ပတ်မှာ မိတ်ဆက် ပေးချင်တာကတော့ တစ်ခါသုံး Web Page တွေ ရယူနိုင်မဲ့ Website တစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။

Dinky Page ဟာ မှတ်ပုံတင်စရာ၊ account ဖွင့်စရာမလိုဘဲနဲ့ တစ်ခါသုံး Web Page တွေ အခမဲ့ ဖန်တီးရယူနိုင် တဲ့ Website တစ်ခုဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ MS Word လို စာစီစာရိုက် Software ကိုအသုံးပြုတတ်ရုံနဲ့ Web Page တစ်ခုကို အလွယ်တကူ ဖန်တီးရယူနိုင်အောင် စီစဉ်ပေးထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် ကိုယ်ဖန်တီးလိုက်တဲ့ စာမျက်နှာတွေအတွက် http://dinkypage.com/<chosenname> ဆိုတဲ့ ကိုယ်ပိုင် Website လိပ်စာတစ်ခုကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ Dinky Page ဟာ အင်တာနက်ပေါ်မှာ သတင်းအချက်အလက်တွေ အလျင်အမြန် ဝေမျှချင်သူ၊ အပျော်တမ်း၊ အမှတ်တရ Web စာမျက်နှာ ဖန်တီးချင်သူတွေအတွက် အလွန်သင့်လျော်ပါတယ်။

Dinky Page က ရယူထားတဲ့ Web Page တွေဟာ တစ်ခါသုံးလို့ဆိုပေမဲ့လည်း Site ရဲ့ FAQ ကဏ္ဍမှာ ရေးသား ဖော်ပြထားချက်အရ သူတို့ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို မချိုးဖောက်သရွေ့ ကိုယ်ရယူထားတဲ့ Web စာမျက်နှာတွေ ဟာ သက်တမ်းကုန်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် Dinky Page ဟာ Web စာမျက်နှာတွေသာမက အသေးစား Website လေးတွေအထိ ဖန်တီးနိုင်စွမ်းရှိတာကို တွေ့ရပါတယ်။ စိတ်ပါဝင်စားသူတွေအနေနဲ့ http://dinky page.com ဆိုတဲ့လိပ်စာမှာ သွားရောက် စမ်းသပ်အသုံးပြုနိုင်ပါတယ်။

Yangonese!

Related Posts

  • No Related Post