ဘဝဆိုတာ ကံစမ်းမဲတစ်ခုလိုပါပဲ။ ကိုယ်ဘယ်နေရာမှာ မွေးဖွားရှင်သန်လာရမယ်ဆိုတာ ဘယ်သူမှ ကြိုတင်ရွေး ချယ်နိုင်ခြင်း မရှိပါဘူး။ တကယ်လို့ ကိုယ်ဟာ အခြားနိုင်ငံတစ်ခုမှာသာ မွေးဖွားရှင်သန်ခဲ့မယ်ဆိုရင် ဘယ်လိုမျိုး အခြေအနေ တွေနဲ့ ရှင်သန်ကြုံတွေရမှာပါလဲ။ ဒီမေးခွန်းရဲ့အဖြေအတွက် စိတ်ဝင်စားစရာ Website လေးတစ်ခုကို ညွှန်းပေးချင်ပါ တယ်။
If It Were My Home လို့အမည်ရတဲ့ Website ဟာ ရွေးချယ်ထားတဲ့ နိုင်ငံနှစ်ခုရဲ့ ကွာခြားချက်တွေကို ရှုထောင့် ပေါင်းစုံကနေ နှိုင်းယှဉ်သုံးသပ်နိုင်မဲ့ Website တစ်ခု ဖြစ်ပါတယ်။ If It Were My Home မှာ ကိုယ့်မိခင်နိုင်ငံနဲ့ အခြား နိုင်ငံတစ်ခုကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် အကယ်၍များ အဲဒီနိုင်ငံမှာသာ ကိုယ်မွေးဖွား ကြီးပြင်းခဲ့တယ်ဆိုရင် ကိုယ့်ဘဝ ဟာ ဘယ်လိုအခြေအနေ ရှိမယ်ဆိုတာမျိုး သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် If It Were My Home မှာ ကိုယ့်စိတ်ကြိုက် နိုင်ငံနှစ်ခု ရွေးချယ်ပြီးတော့လည်း နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ If It Were My Home မှာ ရွေးချယ်ထားတဲ့ နိုင်ငံနှစ်ခုရဲ့ အလုပ်အကိုင်ရရှိမှုနှုန်း၊ မွေးကင်းစ သေဆုံးမှုနှုန်း၊ GDP နှုန်း ၊ လောင်စာဆီ၊ လျှပ်စစ်စွမ်းအင် ရရှိနိုင်မှု အခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ၊ လူတန်းစားကွာဟချက်စတာတွေနဲ့ ပတ်သတ်တဲ့ အချက်အလက်နှိုင်းယှဉ်မှုတွေကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာနိုင်ငံရဲ့ သမိုင်းအကျဉ်းနဲ့ ဆက်စပ်ဖတ်ရှုနိုင်တဲ့ စာအုပ်တွေကို ဖော်ပြပေး ထားတာကို တွေ့ရပါတယ်။ ဖော်ပြထားတဲ့ နိုင်ငံတွေရဲ့ အချက်အလက်တွေကို CIA World Factbook ကနေ ရယူထား တယ်လို့လည်း ဖော်ပြထားပါတယ်။
စိတ်ပါဝင်စားသူများအနေနဲ့ If It Were My Home ကို http://www.ifitweremyhome.cm မှာ မှတ်ပုံတင် စရာမလိုဘဲ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Yangonese!
Comments