ယနေ့ခေတ်မှာ နာမည်ကျော် လူမှုရေးကွန်ယက် Website တွေ၊ အွန်လိုင်းဝန်ဆောင်မှု Website တွေကို တစ်နေ့ ထက်တစ်နေ့ လူသုံးတွင်ကျယ်လာသလို တစ်ဖက်ကလည်း အဲဒီလို Website တွေရဲ့ လုံခြုံရေးဆိုင်ရာ ချိုးဖောက်ခံရမှု၊ လစ်ဟာအားနည်းမှု သတင်းတွေကို ရံဖန်ရံခါ ကြားလာရပါတယ်။ ဒါကြောင့် အဲဒီလို Cyber Crime တွေက ကြိုတင် ကာကွယ်နိုင်မဲ့နည်းလမ်းတစ်ခုအဖြစ် ကိုယ့်ရဲ့ Facebook Account လုံခြုံရေးကို စစ်ဆေးကာကွယ်နိုင်မဲ့ နည်းလမ်းတစ်ခု ကို ပြောပြချင်ပါတယ်။

Facebook ကိုယ်ပိုင်စာမျက်နှာမှာ ကိုယ်မလုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်မှုတွေကို သံသယဖြစ်ဖွယ် တွေ့မြင်နေရသူ တွေအတွက် ကိုယ့် Facebook Account ကို အခြားသူတွေ ဝင်ရောက်အသုံးပြုနေခြင်း ရှိမရှိ အလွယ်တကူ စစ်ဆေး ကာကွယ်နိုင်ဖို့ ရိုးရိုးရှင်းရှင်း လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်တစ်ချို့ ဖြစ်ပါတယ်။

ပထမဆုံး ပင်မစာမျက်နှာ အပေါ်ညာဖက်ထောင့်စွန်းကနေ Account > Account Settings > Account Security စာမျက်နှာအထိ အဆင့်ဆင့် ဝင်ရောက်လိုက်ပါ။ အဲဒီမှာ ကိုယ့် Facebook Account ကို Log in ဝင်ရောက်တဲ့ အခါတိုင်း အသုံးပြုခဲ့တဲ့ Computer တွေ၊ Hand Phone, iPad စတဲ့ Mobile Devices တွေစာရင်းနဲ့ အဲဒီပစ္စည်း ကိရိယာတွေရဲ့ IP Address ကို အခြေခံပြီး အကြမ်းဖျင်း တည်နေရာဖော်ပြချက်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။

Facebook Account ပိုင်ရှင်တွေအနေနဲ့ အထက်ပါစာရင်းက ကိုယ်မသိတဲ့ ကိရိယာ၊ တည်နေရာနဲ့ Log in ဝင် ရောက်ထားမှုကို တွေ့တဲ့အခါ သက်ဆိုင်ရာ Log in ဝင်ရောက်မှုဘေးက end activity ဆိုတဲ့ Link ကို Click နှိပ်ပြီး တားဆီး ပိတ်ပင်ပစ်လိုက်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် – ကိုယ့်က Windows နဲ့ Chrome Browser ကို အသုံးပြုပြီး Log in ဝင်ရောက်လေ့ရှိပေမဲ့ အထက်ပါစာရင်းမှာ Mac ကနေ Firefox Browser ကို အသုံးပြုပြီး Log in ဝင်ရောက်ထား မှုကို ဖော်ပြနေရင် သံသယဖြစ်ဖွယ်ပါပဲ။ ဒါ့အပြင် ဒီလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်မှာ အလျဉ်းသင့်တဲ့အခါတိုင်း secure connection (https) နဲ့ ဝင်ရောက်အသုံးပြုနိုင်ဖို့နဲ့ သင်မသိတဲ့နေရာကနေ သင့် Facebook Account ကို Log in ဝင်ရောက်မှုတွေ ရှိလာတဲ့အခါတိုင်း Email သို့မဟုတ် SMS နဲ့ သတိပေး အကြောင်းကြားမှု ပြုလုပ်ဖို့ ချိန်ညှိထားနိုင်မှာ လည်း ဖြစ်ပါတယ်။

Yangonese!

Related Posts