Yangonese

One More Click!

Browsing Posts tagged facebook

ယနေ့ခေတ်မှာ နာမည်ကျော် လူမှုရေးကွန်ယက် Website တွေ၊ အွန်လိုင်းဝန်ဆောင်မှု Website တွေကို တစ်နေ့ ထက်တစ်နေ့ လူသုံးတွင်ကျယ်လာသလို တစ်ဖက်ကလည်း အဲဒီလို Website တွေရဲ့ လုံခြုံရေးဆိုင်ရာ ချိုးဖောက်ခံရမှု၊ လစ်ဟာအားနည်းမှု သတင်းတွေကို ရံဖန်ရံခါ ကြားလာရပါတယ်။ ဒါကြောင့် အဲဒီလို Cyber Crime တွေက ကြိုတင် ကာကွယ်နိုင်မဲ့နည်းလမ်းတစ်ခုအဖြစ် ကိုယ့်ရဲ့ Facebook Account လုံခြုံရေးကို စစ်ဆေးကာကွယ်နိုင်မဲ့ နည်းလမ်းတစ်ခု ကို ပြောပြချင်ပါတယ်။ continue reading…

Facebook အသုံးပြုသူတွေအတွက် Email ကနေတစ်ဆင့် ဓာတ်ပုံတွေ Upload တင် ဝေမျှနိုင်မဲ့နည်း ကို ပြောပြချင်ပါတယ်။ ပထမဆုံး Facebook ထဲကို Log in ဝင်ပါ။ Home page သို့မဟုတ် Profile မှာရှိတဲ့ Wall post ရေးတဲ့ Box အောက် Attach: ဘေးနားက Photos ပုံလေးကို Click နှိပ်လိုက်ပါ။

ပြီးရင် Upload a Photo from your drive ဆိုတာကို ရွေးပါ။

မိမိရဲ့ကွန်ပြူတာမှာရှိတဲ့ ဓာတ်ပုံတွေထဲကနေ ရွေးချယ်နိုင်ဖို့ Box လေး ပေါ်လာပါလိမ့်မယ်။ Browse အောက်နားက စာလုံး သေးသေးလေးနဲ့ ဖော်ပြထားတဲ့ upload via email ဆိုတဲ့ စာကြောင်းလေးကို Click နှိပ်လိုက်ပါ။

အဲဒီအခါ Upload Photos via Email ဆိုတဲ့ ခေါင်းစဉ်နဲ့ Facebook မှာဓာတ်ပုံတင်ဖို့ သင်တစ်ဦး တည်းကသာ သီးသန့်အသုံးပြုပြီး ဆက်သွယ်နိုင်မယ့် upload email လိပ်စာတစ်ခုကို တွေ့မြင်ရမှာ ဖြစ်ပါ တယ်။ အခုဆိုရင် အဲဒီ Upload email ကို အသုံးပြုပြီး Gmail, Ymail စတဲ့ mail တွေက တစ်ဆင့် Facebook ပေါ်ကို ဓာတ်ပုံတွေ Upload တင်နိုင်ပြီ ဖြစ်ပါတယ်။

မိမိ ဝေမျှလိုတဲ့ဓာတ်ပုံတွေကို Attachment အနေနဲ့ Email မှာတွဲပြီး အဆိုပါ Upload Email လိပ်စာ ကို စာပို့လိုက်ရုံနဲ့ Facebook ပေါ်ကို ဓာတ်ပုံတွေရောက်ရှိသွားမှာပါ။  သင် ဓာတ်ပုံပို့တဲ့ Email ရဲ့ Subjuct နေရာမှာ ထည့်လိုက်တဲ့စာသားက ပုံစာ (caption) ဖြစ်သွားမှာဖြစ်ပါတယ်။ Upload email လိပ်စာကို ဓာတ်ပုံမပါဘဲနဲ့ Subjuct ထဲမှာ တစ်ခုခုရိုက်ထည့်ပို့လိုက်ရင် သင့် status အဖြစ် ရောက်ရှိသွားမှာ ဖြစ်ပါ တယ်။ upload email လိပ်စာကို ဓာတ်ပုံတွေအတွက်သာမက Video ဖိုင်တွေ Upload တင်ဖို့ပါ အသုံးပြု နိုင်ပါတယ်။ သင့်အနေနဲ့ Facebook က အလိုအလျောက်ထုတ်ပေးတဲ့ upload email လိပ်စာကို မကြိုက်ရင် refresh your upload email ဆိုတဲ့စာသားကို Click နှိပ်ပြီး စိတ်တိုင်းကျတဲ့အထိ ပြောင်းလဲရယူနိုင်မှာ ဖြစ်ပါ တယ်။

Yangonese!

Facebook Twitter စတဲ့ လူမှုရေးကွန်ယက် Website တွေမှာ “¿noʎ ǝɹɐ ʍoɥ ‘ıɥ” လိုမျိုး မိတ်ဆွေ သူငယ်ချင်းတွေ အံ့အားသင့်သွားစေမဲ့ ထက်အောက်ပြောင်းပြန်စာသားတွေနဲ့ အပျော်သဘော စာရိုက်လိုပါသလား။ ဒါဆိုရင်တော့ Upside Down Text လို့အမည်ရတဲ့ site ကို ညွှန်းပေးချင်ပါတယ်။

ထက်အောက်ပြောင်းပြန်စာသား လို့အဓိပ္ပါယ်ရတဲ့ Website ဟာ အခမဲ့အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှု site တစ်ခု ဖြစ်ပြီး သုံးစွဲသူတွေကို Site နာမည်နဲ့အညီ ထက်အောက်ပြောင်းပြန်စာသားတွေရိုက်နိုင်ဖို့ အကူအညီပေးမှာ ဖြစ်ပါတယ်။ Upside Down Text မှာ နောက်ပြန်စာသားတွေနဲ့ ထက်အောက်ပြောင်းပြန်စာသားတွေ လွယ်လွယ်ကူကူ စာရိုက်ယူနိုင် မှာဖြစ်ပြီး Gmail, Word, Myspace စသည်ဖြင့် သင်အလိုရှိရာ ဘယ်နေရာမှာမဆို ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင့် သုံးစွဲသူရိုက်လိုက်တဲ့ စာလုံးအရေအတွက်ကို ရေတွက်ပေးတဲ့စနစ်ပါဝင်ပြီး Facebook နဲ့ Twitter သို့ တိုက်ရိုက် တင်ပို့နိုင်အောင် စီစဉ်ပေးထားတာကိုလည်း တွေ့ရပါတယ်။

စိတ်ပါဝင်စားသူများအတွက် Upside Down Text ရဲ့လိပ်စာက http://www.upsidedowntext.com ဖြစ်ပါ တယ်။

Yangonese!

သင့် Facebook သူငယ်ချင်းတွေ Link ချိတ်ဆက်ဝေမျှထားတဲ့ ကမ္ဘာတစ်လွှား နာမည်ကျော်ဆိုဒ်တွေဆီက စိတ်ဝင်စားစရာအကြောင်းအရာတွေကို တစ်နေရာထဲကနေ စောင့်ကြည့်သိရှိနိုင်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ ဝဘ်ဆိုဒ် တစ်ဆိုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။

ဒီဝန်ဆောင်မှုကိုရယူဖို့ သင့် Facebook Account ကို Log in ဝင်ရောက်ထားပြီး ဘရောက်ဆာက အခြား Tab တစ်ခုမှာ http://likebutton.me ဆိုတဲ့ ဝဘ်ဆိုဒ်ကို ဝင်ရောက်လိုက်ရမှာ ဖြစ်ပါတယ်။ LikeButton.me ဝဘ်ဆိုဒ်မှာ သင့် Facebook သူငယ်ချင်းတွေ စိတ်ကြိုက်ဝေမျှထားတဲ့ နာမည်ကျော်ဆိုဒ်တွေဆီက လင့်ခ်ပေါင်းစုံရဲ့စာရင်းကို တွေ့ရမှာ ဖြစ်ပါတယ်။ LikeButton ကဖော်ပြပေးတဲ့စာရင်းမှာ သင့် Facebook သူငယ်ချင်းတွေနဲ့ အခြား Facebook User တွေက ချိတ်ဆက်ဝေမျှထားတဲ့ Youtube, CNN, Filckr, Washington Post, Tech Cruch စတဲ့ နာမည်ကျော် သတင်း၊ ဖျော်ဖြေ ရေး၊ အားကစား၊ နည်းပညာ၊ ဗွီဒီယိုဆိုဒ်တွေက စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေရဲ့ Link တွေ ပါဝင်ပါတယ်။

LikeButton.me မှာ သင့်စိတ်ကြိုက် နာမည်ကျော်ဝဘ်ဆိုဒ်တစ်ခု သို့ သင့်ကိုယ့်ပိုင်ဘလော့ဂ်၊ ဝဘ်ဆိုဒ်စသည် တို့ကို ထည့်သွင်းထားပြီးတော့လည်း သင့် Facebook သူငယ်ချင်းတွေရဲ့ အကြိုက်ကို စောင့်ကြည့်သိရှိနိုင်မှာ ဖြစ်ပါ တယ်။ ဒါ့အပြင် Facebook User တွေကြားမှာ ခေတ်စားလာနေတဲ့ Trend တွေကိုလည်း တစ်နေရာထဲကနေ သိရှိနိုင်မှာ ဖြစ်ပါတယ်။

စိတ်ပါဝင်စားသူများ http://likebutton.me ကိုဝင်ရောက်ပြီး အသေးစိတ်ဖတ်ရှု အသုံးပြုနိုင်ပါတယ်။

Yangonese!

Facebook အသုံးပြုသူတွေအတွက် မိမိ Facebook Album ထဲက ဓာတ်ပုံတွေနဲ့ Photo Slideshow တစ်ခု လွယ်လွယ်ပြုလုပ်လို့ရမယ့်နည်းကို မိတ်ဆက်ပေးချင်ပါတယ်။ ဒါဟာ Photo Slideshow လုပ်ဖို့ မိမိဓာတ်ပုံတွေကို အခြား ဝဘ်ဝန်ဆောင်မှုတစ်ခုဆီ Upload ထပ်တင်စရာမလိုတော့ဘဲ လွယ်လွယ်ကူကူ အသုံးပြု နိုင်မဲ့နည်းဖြစ်ပါတယ်။

PrettySlide ဆိုတာ သင့် Facebook အယ်လ်ဘမ်ထဲက ဓာတ်ပုံတွေနဲ့ မိနစ်ပိုင်းအတွင်းမှာ သင့်စိတ်ကြိုက် Photo Slideshow တစ်ခုပြုလုပ်နိုင်တဲ့ Facebook App တစ်ခုဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကို မှတ်ပုံတင်စရာ၊ အထွေအထူး အလုပ်ရှုပ်စရာမလိုဘဲ သင့် Facebook အကောင့်နဲ့တင် ချိတ်ဆက်အသုံးပြုနိုင်ပါ တယ်။

PrettySlide နဲ့ Photo Slideshow ပြုလုပ်တဲ့အခါ သင့် Facebook အယ်လ်ဘမ်တစ်ခုလုံးမဟုတ်ဘဲ သင့် စိတ်ကြိုက်ဓာတ်ပုံများသာ ရွေးချယ်ပြီးတော့လည်း ရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သင့်ဖန်တီးမဲ့ Slidshow ကို ပြသ ဖို့အတွက် Basic Viewer, Simple Viewer, Post card Viewer, Flow Viewer, Carousel စတဲ့ စတိုင် ၅ မျိုးကိုလည်း စိတ်ကြိုက်ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင့် Photo Slideshow အတွက် သီးသန့်ဝဘ်လိပ်စာတစ်ခုကို ထုတ်ပေး ဦးမှာဖြစ်လို့ Facebook ပေါ်က မိတ်ဆွေသူငယ်ချင်းများသာမက ကျန်မိတ်ဆွေတွေကိုလည်း ညွှန်းဆိုပြသနိုင်မှာ ဖြစ်ပါ တယ်။

Photo Slideshow ဖန်တီးဖို့စိတ်ပါဝင်စားသူများ http://www.prettyslide.com မှာသွားရောက် အသုံးပြုနိုင် ပါတယ်။

ယနေ့ခေတ်မှာ အင်တာနက်ဟာ တစ်နေ့တစ်ခြား ရှုပ်ထွေးလာနေပြီး သွားရလာရခက်တဲ့ တောအုပ်ကြီးတစ်ခု လို ဖြစ်လာပါတယ်။ ဒီတော့ အင်တာနက်ပေါ်မှာ ကိုယ်လိုချင်တဲ့ အကြောင်းအရာတစ်ခုကို အကောင်းဆုံး ရှာဖွေနိုင်ဖို့ ဘယ်လို အွန်လိုင်းရင်းမြစ်တွေကို အားကိုးအားထားပြုရမှာပါလဲ။

Joongel ဟာ သင်ရှာဖွေနေတဲ့အကြောင်းအရာတစ်ခုနဲ့ပတ်သက်လို့ သက်ဆိုင်ရာနယ်ပယ်တွေဆီက ထိပ်တန်း ဝဘ်ဆိုဒ်ဆယ်ခုကနေ ရရှိလာတဲ့ရလဒ်တွေကို တိုက်ရိုက်ပြန်လည်ဖော်ပြပေးမဲ့ Web application တစ်ခုဖြစ်ပါတယ်။ Joongel မှာ Images, Video, Shopping, Socail, Torrents, Music, Health, Gossip စတဲ့ ကဏ္ဍတွေက ထိပ်တန်း ဝဘ်ဆိုဒ်ဆယ်ခုစီကို စုစည်းပေးထားပြီး Joongel ရဲ့ရှာဖွေရေးနည်းစနစ်ဟာ သုံးစွဲသူတစ်ယောက်ရဲ့ တည်နေရာ အနေအထားရယ် Google , Hitwise, Compete, Comscore စတဲ့ ဆိုဒ်တွေက အသုံးပြုနေတဲ့နည်းပညာတွေရယ်ကို အခြေခံထားတာ ဖြစ်ပါတယ်။

Joongel ဝန်ဆောင်မှုကိုအသုံးပြုဖို့ http://www.joongel.com ဆိုတဲ့ ပင်မဝဘ်ဆိုဒ်မှာ ဝင်ရောက်အသုံးပြုနိုင် သလို Internet Explorer သို့ Morzilla Firefox Browser တွေရဲ့ Search Plugin အဖြစ်လည်း ထည့်သွင်းအသုံးပြု နိုင်ပါတယ်။

ယနေ့ခေတ် ရုံးတွေကုမ္ပဏီတွေနဲ့ စာသင်ကျောင်းတွေ၊ အစည်းအဝေးတွေ၊ ဟောပြောပွဲတွေမှာ အကြောင်း အရာတစ်ခုခုနဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုကြတဲ့အခါ Presentation Slide တွေနဲ့ တွဲဖက်တင်ပြလာမှုဟာ တော် တော်အသုံးတွင်ကျယ်လာပြီဖြစ်ပါတယ်။ ဒါ့အပြင် ဝဘ်ပေါ်မှာ လည်း Slideshare ၊ Scribd စတဲ့ ဝဘ်ဆိုဒ်တွေရဲ့ ဝန်ဆောင်မှုကို အသုံးပြုပြီး အချင်းချင်း Presentation Slide တွေဝေမျှလာကြတာ တွေ့ရပါ တယ်။

ဒီတော့ Facebook လူမှုရေးကွန်ယက်ဆိုဒ်ပေါ်က ကိုယ့်သူငယ်ချင်းတွေနဲ့ ကိုယ့်မှာရှိတဲ့ Presentation Slide တွေဝေမျှနိုင်ဖို့၊ နိုင်ငံအရပ်ရပ်ကဝေမျှထားတဲ့ Slide ကောင်းလေးတွေကို ရှာဖွေရယူနိုင်ဖို့ သင့်ကိုကူညီပေးမဲ့ Slideshare Facebook Application အကြောင်း ပြောပြချင် ပါတယ်။

ပထမဆုံး Facbook အတွင်းကို Log in ဝင်ရောက်ပြီး http://apps.facebook.com/slideshare/slideshows /popular ဆိုတဲ့လိပ်စာကိုဝင်ပါ။ ပြီးရင် ညာဖက်ခြမ်း Slide Search Box အောက်က Add to Pages | Tab ဆိုတဲ့နေရာ မှာ နှစ်သက်ရာတစ်ခုခုကိုရွေးချယ်ပြီး သင့် Facebook  စာမျက်နှာမှာ Slideshare application ကိုပေါင်းထည့်လိုက်ပါ။ ပြီးရင်တော့ Upload ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ သင့်ကွန်ပြူတာထဲက ဝေမျှလိုတဲ့ Slide ဖိုင်ကိုရွေးချယ် Upload တင် ပြီး Facebook ပေါ်က သူငယ်ချင်းတွေဆီ ဝေမျှပေးလိုက်ရုံပါပဲ။

ဒါဟာ သင့် Facebook စာမျက်နှာကနေပြီး နာမည်ကျော် Slideshare ဝဘ်ဆိုဒ််ရဲ့ ဝန်ဆောင်မှုတွေကို တိုက်ရိုက် ချိတ်ဆက်အသုံးပြုတာဖြစ်ပြီး သင့်သူငယ်ချင်းတွေက သင့် Slide တွေကို Facebook ဝဘ်ဆိုဒ်ပေါ်မှာတင် တိုက်ရိုက် ကြည့်ရှုမှတ်ချက်ပေးနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ သင့်မှာ Slideshare Account ရှိပြီးသားဆိုရင်လည်း Facebook ကနေ တစ်ခါတည်း Login ဝင် ရောက်ပြီး Facebook ပေါ်က Slide တွေကို Slideshare ကတစ်ဆင့်  အလွယ်တကူဝေမျှနိုင်မှာ၊ Slideshare ဝဘ်ဆိုဒ်မှာ တင်ထားတဲ့ Slide တွေကို Facebook ပေါ်က အလွယ်တကူ  ချိတ်ဆက်ရယူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကဲ ဖိုင်ဆိုဒ်အကန့်အသတ်မရှိ Upload တင်နိုင်ပြီး Slide အရေအတွက်အကန့်အသတ်မရှိ သိမ်းဆည်းပေးထား နိုင်တဲ့ သင့်စိတ်ကြိုက် Slide တွေကို သင့်သူငယ်ချင်းတွေဆီ အီးမေးလ်နဲ့ ပို့ပေးစရာမလိုဘဲ လွယ်လွယ်ကူကူ ဝေမျှနိုင် တယ်လို့ဆိုထားတဲ့ Slideshare Facebook Application ကို http://apps.facebook.com/slideshare/slideshows /popular ဆိုတဲ့လိပ်စာမှာ ဝင်ရောက်အသုံးပြုနိုင်ကြောင်း လမ်းညွှန်လိုက်ရပါတယ်။

Yangonese!

Facebook အသုံးပြုသူတွေအတွက် မိမိ Facebook Album ထဲက ဓာတ်ပုံတွေနဲ့ Photo Slideshow တစ်ခု လွယ်လွယ်ပြုလုပ်လို့ရမယ့်နည်းကို မိတ်ဆက်ပေးချင်ပါတယ်။ ဒါဟာ Photo Slideshow လုပ်ဖို့ မိမိဓာတ်ပုံတွေကို အခြားဝဘ်ဝန်ဆောင်မှုတစ်ခုဆီ Upload ထပ်တင်စရာမလိုတော့ဘဲ လွယ်လွယ်ကူကူ အသုံးပြုနိုင်မဲ့နည်းဖြစ်ပါတယ်။

PrettySlide ဆိုတာ သင့် Facebook အယ်လ်ဘမ်ထဲက ဓာတ်ပုံတွေနဲ့ မိနစ်ပိုင်းအတွင်းမှာ သင့် စိတ်ကြိုက် Photo Slideshow တစ်ခုပြုလုပ်နိုင်တဲ့ Facebook App တစ်ခုဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကို မှတ်ပုံတင်စရာ၊ အထွေအထူး အလုပ်ရှုပ်စရာမလိုဘဲ သင့် Facebook အကောင့်နဲ့တင် ချိတ်ဆက်အသုံးပြုနိုင်ပါ တယ်။

PrettySlide နဲ့ Photo Slideshow ပြုလုပ်တဲ့အခါ သင့် Facebook အယ်လ်ဘမ်တစ်ခုလုံးမဟုတ်ဘဲ သင့် စိတ်ကြိုက်ဓာတ်ပုံများသာ ရွေးချယ်ပြီးတော့လည်း ရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သင့်ဖန်တီးမဲ့ Slidshow ကို ပြသ ဖို့အတွက် Basic Viewer, Simple Viewer, Post card Viewer, Flow Viewer, Carousel စတဲ့ စတိုင် ၅ မျိုးကိုလည်း စိတ်ကြိုက်ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင့် Photo Slideshow အတွက် သီးသန့်ဝဘ်လိပ်စာတစ်ခုကို ထုတ်ပေး ဦးမှာဖြစ်လို့ Facebook ပေါ်က မိတ်ဆွေသူငယ်ချင်းများသာမက ကျန်မိတ်ဆွေတွေကိုလည်း ညွှန်းဆိုပြသနိုင်မှာ ဖြစ်ပါ တယ်။

Photo Slideshow ဖန်တီးဖို့စိတ်ပါဝင်စားသူများ http://www.prettyslide.com မှာသွားရောက် အသုံးပြုနိုင် ပါတယ်။

Yangonese!

နာမည်ကျော် လူမှုရေးကွန်ယက်ဝဘ်ဆိုဒ် Facebook ပေါ်မှာ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ အမှတ် တရဓာတ်ပုံတွေ ဝေမျှကြည့်ရှုနိုင်တာ စိတ်ချမ်းမြေ့ရာတစ်ခုဖြစ်ပေမဲ့ Photo Album ထဲဝင်ရောက် အသုံးပြုတဲ့အခါ တစ်ကြိမ်မှာ ဓာတ်ပုံတစ်ပုံသာကြည့်ရှုနိုင်တဲ့ အကန့်အသတ်ကလေးက ရှိနေပါတယ်။ ဒါကြောင့်မို့ Facebook ပေါ်က ဓာတ်ပုံတွေကြည့်ရှုရာမှာ အသုံးဝင်မဲ့ Firefox Addon လေးတစ်ခုကို မိတ်ဆက် ပေးချင်ပါတယ်။

ကျွန်တော်တို့ဟာ Facebook ပေါ်က Photo Album တစ်ခုကို ဝင်ရောက်ကြည့်ရှုတဲ့အခါ ဓာတ်ပုံလေးတွေကို Tumbnail ပုံသေးသေးလေးတွေနဲ့ ဖော်ပြပေးထားတာကိုတွေ့ရမှာပါ။ Facebook Photo Zoom လို့အမည်ရတဲ့ Firefox Addon လေးဟာ Photo Album ပေါ်က Tumbnails ပုံသေးသေးလေးတွေနဲ့ ဖော်ပြပေးထားတဲ့ Facebook ဓာတ်ပုံတွေ ပေါ်မှာ Mouse ကလေး တင်လိုက်ရုံ (Hover) နဲ့တင် ဓာတ်ပုံရဲ့ နဂိုအရွယ်အစားအတိုင်း ပုံကြီးချဲ့ပြမှာဖြစ်ပါတယ်။ Facebook user တွေအတွက်တော့ ဒီ Addon လေးက အလွန်အသုံးတည့်မှာ ဖြစ်ပါတယ်။

Facebook PhotoZoom Addon ကို Firefox Browser အတွက်သာမက Google Chrome Browser အတွက် လည်း ရရှိနိုင်ပါတယ်။ Facebook PhotoZoom Addon ကိုရယူလိုသူများ https://addons.mozilla.org/en-US/firefox/addon/125440/ မှာ ရယူနိုင်ကြပါတယ်။

Yangonese!