Window Operating System ရဲ့ File Search ဟာ ဖိုင်အနည်းငယ်အတွင်းမှာ လိုအပ်တဲ့ ရှာဖွေမှုပြုလုပ်တဲ့အခါ အဆင်ပြေပေမဲ့ ဖိုင်ပမာဏ အများကြီးထဲက ကိုယ်လိုချင်တဲ့ ဖိုင်တစ်ခုကို ဖြန့်ကျက်ရှာဖွေတဲ့အခါမှာတော့ အလွန်ကို နှေးကွေးလေးလံ လှပါတယ်။ ဒါကြောင့် ဖိုင်ပမာဏ များများအပေါ်မှာ ရှာဖွေမှု ပြုလုပ်မဲ့သူတွေ အတွက် လိုအပ်တဲ့ File, Folder တွေကို စူပါအမြန်နှုန်းနဲ့ ရှာဖွေပေးနိုင်မဲ့ Desktop Search Program တစ်ခုကို ဖော်ပြပေးချင်ပါတယ်။
Everything ဟာ အခမဲ့ရယူနိုင်ပြီး ပေါ့ပါးမြန်ဆန်တဲ့ Desktop Search program တစ်ခု ဖြစ်ပါတယ်။ Everything လို့ဆိုထားတဲ့အတိုင်း NTFS Filesystem ကို အသုံးပြုတဲ့ မည်သည့် hard drives ပေါ်မှာ မဆို Window File Search ထက် သိသိသာသာ လျင်မြန်တဲ့နှုန်းနဲ့ ရှိသမျှ File တွေ Folder တွေအားလုံးအပေါ်မှာ ဖြန့်ကျက် ရှာဖွေပေးနိုင်ပါတယ်။
Everything ဟာ စွမ်းဆောင်ရည် မြင့်မားသလောက် အရွယ်အစား သေးငယ်ပေါ့ပါးပြီး Installer version သာမက Portable version အနေနဲ့ပါ http://www.voidtools.com မှာ ဆွဲချ ရယူနိုင်ပါတယ်။
Yangonese!