Yangonese

One More Click!

Browsing Posts in Tech

ယနေ့ခေတ်မှာ နာမည်ကျော် လူမှုရေးကွန်ယက် Website တွေ၊ အွန်လိုင်းဝန်ဆောင်မှု Website တွေကို တစ်နေ့ ထက်တစ်နေ့ လူသုံးတွင်ကျယ်လာသလို တစ်ဖက်ကလည်း အဲဒီလို Website တွေရဲ့ လုံခြုံရေးဆိုင်ရာ ချိုးဖောက်ခံရမှု၊ လစ်ဟာအားနည်းမှု သတင်းတွေကို ရံဖန်ရံခါ ကြားလာရပါတယ်။ ဒါကြောင့် အဲဒီလို Cyber Crime တွေက ကြိုတင် ကာကွယ်နိုင်မဲ့နည်းလမ်းတစ်ခုအဖြစ် ကိုယ့်ရဲ့ Facebook Account လုံခြုံရေးကို စစ်ဆေးကာကွယ်နိုင်မဲ့ နည်းလမ်းတစ်ခု ကို ပြောပြချင်ပါတယ်။ continue reading…

ကိုယ့်ကွန်ပြူတာမှာ အဖွင့်များ အသုံးပြုမှုများတဲ့ Folder တွေကို ပုံမှန်အတိုင်း အဆင့်ဆင့်ဝင်ရောက် ဖွင့်လှစ် နေစရာမလိုဘဲ ကီးဘုတ်ကနေ Shortcut Key နှိပ်လိုက်ရုံနဲ့ ဖွင့်လှစ်နိုင်အောင် Folder Shortcut Key ဖန်တီးပုံ အဆင့်ဆင့်ကို တင်ပြချင်ပါတယ်။

၁။ Shortcut Key ပြုလုပ်မယ့် Folder ကို Right Click နှိပ်ပြီး Desktop ပေါ်အထိ Drag ဆွဲသွားပါ။ Desktop ပေါ်ရောက်လို့ Right Click ကိုလွှတ်လိုက်တဲ့အခါ ရွေးချယ်စရာ Option Menu လေးတစ်ခု ပေါ်လာပါလိမ့်မယ်။ အဲဒီက Create shortcuts here ဆိုတာကိုရွေးပါ။ ဒါဆိုရင် ကိုယ့်ရွေးချယ်ထားတဲ့ folder ဟာ Shortcut Icon တစ်ခုအဖြစ် Desktop ပေါ်ကို ရောက်သွားပြီ ဖြစ်ပါတယ်။

၂။ ဒုတိယအဆင့်အနေနဲ့ ခုနက ဖန်တီးထားတဲ့ Shortcut Icon ပေါ်မှာ Right Click နှိပ်ပြီး Option Menu ပေါ်လာတဲ့အခါ အောက်ဆုံးက Properties ကိုရွေးပါ။ အဲဒီအခါ Shortcut Properties Window ပေါ်လာပါလိမ့်မယ်။ အဲဒီအထဲက Shortcut ဆိုတဲ့ Tab ကို ဖွင့်လိုက်ပါ။ continue reading…

ပထမဆုံး Notepad ကိုဖွင့်ပါ။

dir /s *.* >dirlist.txt လို့ရိုက်ပါ။ (.txt ရှေ့မှာ နှစ်သက်ရာနာမည်ကို ပေးနိုင်ပါတယ်)။

ရပြီဆိုရင် File name နေရာမှာ နှစ်သက်ရာနာမည်နဲ့ နောက်က .bat လို့ပေးပြီး Save as type နေရာမှာ All Files ကို ရွေးချယ်ကာ Batch ဖိုင်အဖြစ် Save လိုက်ပါ။

.bat ဖိုင်လေးရလာပြီဆိုရင် မိမိ Print ထုတ်လိုတဲ့ File, Folder တွေရှိတဲ့ နေရာကို အဲဒီဖိုင်လေးကို ရွှေ့လိုက် ပါ။ ပြီးရင် Double Click နှိပ်လိုက်ပါ။ Command Prompt လေးပေါ်လာပြီး ခဏကြာတဲ့အခါ dirlist.txt ဆိုတဲ့ နာမည်နဲ့ စာဖိုင်လေးတစ်ဖိုင် ပေါ်လာပါလိမ့်မယ်။

ဒါဟာ Print ထုတ်လို့ရတဲ့ File, Folder တွေရဲ့စာရင်းပါပဲ။

Yangonese!

သတိမမူ ဂူမမြင်၊ သတိမူက မြူတောင်မြင်၏

အင်တာနက်သုံးစွဲသူတိုင်း Internet Explorer, Firefox, Flock, Google Chrome, Opera, Safari စတဲ့ Browser တွေကို မလွဲမသွေ အသုံးပြုကြရပါတယ်။ ဒါကြောင့်မို့ ယနေ့ကျွန်တော်တို့ဆီမှာ လူကြိုက် အများဆုံး၊ လူသုံးအများဆုံး Firefox Browser နဲ့ပတ်သက်ပြီး စိတ်ဝင်စားဖွယ်အသုံးလေးတွေ၊ Shortcut Key တွေကို လေ့လာမိသလောက် တင်ပြလိုက်ရပါတယ်။ continue reading…

ပထမဆုံး Window Key + R ကိုနှိပ် Run ကိုခေါ်ပြီး regedit လို့ရိုက်ထည့်ကာ Registry Editor ကိုခေါ်လိုက်ပါ။ Registry Editor ပေါ်လာတဲ့အခါ ဘယ်ဘက်အခြမ်း Panel ကတစ်ဆင့် အောက်ပါလမ်းကြောင်းအတိုင်း တစ်ဆင့်ချင်းဆီ သွားပါ။

Computer\HKEY_LOCAL_MACHINE\SOFTWARE\ Microsoft\Windows\CurrentVersion\Authentication\LogonUI\Background continue reading…

အင်တာနက်ကနေ ကိုယ်သိလိုသမျှ အကြောင်းအရာတွေကိုရှာဖွေဖို့ Search Engine တွေကို အသုံးပြုကြပါတယ်။ ယနေ့ Search Engine လောကမှာတော့ Google Search Engine ဟာ သုံးစွဲသူတွေအတွက် လွယ်ကူအဆင်ပြေစေတဲ့ ရိုးရိုးရှင်းရှင်း အသွင်အပြင်ရယ် ထိရောက်တဲ့ရလဒ်တွေကို ဖော်ပြပေး နိုင်တာရယ်ကြောင့် Google မှာ ကိုယ်သိလိုတဲ့အကြောင်းအရာတစ်ခု ရှာတယ်ဆိုတာကို Googling လုပ်တယ်လို့ စကားလုံးအသစ်တစ်ခုအနေနဲ့  အဘိဓာန်ထဲမှာ ထည့်သွင်းဖော်ပြခံရတဲ့အထိ အောင်မြင်  နေပါတယ်။

အဲဒီတော့ ကမ္ဘာကျော် Google ကိုအသုံးပြုပြီး ကိုယ်သိလိုသမျှတွေရှာဖွေရာမှာ ပိုမိုထိရောက်တဲ့ ရလဒ်တွေရရှိစေဖို့ သိထားသင့်တဲ့ Operator အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

1            “ “ ကို အသုံးပြုခြင်း

တိကျတဲ့ စကားလုံးအစီအစဉ်တွေအတိုင်းရှာဖွေဖို့အတွက် မျက်တောင်ကွင်း အဖွင့်အပိတ်တွေကို အသုံးပြုနိုင်ပါတယ်။ သာမန်အားဖြင့် guide to install php5 from source လို့ ရှာဖွေလိုက်ရင် Search Engine ကပြန်ဖော်ပြပေးတဲ့ရလဒ်တွေမှာ ကိုယ်အသုံးပြုလိုက်တဲ့ keyword တွေပါဝင်နေပေမဲ့ ကိုယ်သုံးထားတဲ့ စကားလုံးအစီအစဉ်အတိုင်းတော့မဟုတ်ဘဲ ရှေ့ရောက်နောက်ရောက် အဆင်ပြေ သလိုဖြစ်နေမှာပါ။ ဒါပေမဲ့ “guide to install php5 from source” ရယ်လို့ ကိုယ့် keyword ကို မျက်တောင်ကွင်းတပ်ပြီး Google Search Box မှာ ရိုက်ထည့်ရှာဖွေလိုက်တယ်ဆိုပါစို့။ ပြန်ရလာမှာက“guide to install php5” ဆိုတဲ့ ကိုယ်ရိုက်လိုက်တဲ့စကားလုံးအစီအစဉ်အတိုင်း တိတိကျကျ ပါဝင်လာတဲ့ ရလဒ်တွေပဲ ဖြစ်မှာပါ။

2            – ကို အသုံးပြုခြင်း

ကိုယ်ရှာဖွေလိုက်တဲ့ ရလဒ်တွေမှာ မပါဝင်စေချင်တဲ့ ဖယ်ထုတ်ခဲ့ချင်တဲ့ စကားလုံးတွေ စကားစုတွေအတွက် – (အနုတ်လက္ခဏာ)ကို အသုံးပြုရပါတယ်။ ဥပမာ – bass –fishing ဆိုပြီး ကိုယ်ကရှာတယ်ဆိုပါစို့။ Search Engine ကပြန်ရလာမဲ့အဖြေတွေကတော့ bass နဲ့ပတ်သက်သမျှဖြစ်ပေမဲ့ fishing နဲ့ မဆက်နွယ်တဲ့ အဖြေတွေပဲဖြစ်မှာပါ။

3            ~ ကို အသုံးပြုခြင်း

ကိုယ်ရိုက်ထည့်ရှာဖွေလိုက်တဲ့ keyword စကားလုံးအတိုင်းသာမဟုတ်ဘဲ သူနဲ့အနက်အဓိပ္ပါယ် ဆင်တူတဲ့စကားလုံးတွေကိုပါ အသုံးပြုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေချင်တယ်ဆိုရင်တော့ ~ ကို အသုံးပြုရမှာပါ။ ဥပမာ ~ mobile phone လို့ရှာတယ်ဆိုပါစို့။ ရလာမဲ့အဖြေတွေက phone ဆိုတဲ့ စကားလုံးပါဝင်တဲ့ဟာတွေအပြင် cell တို့ cellular တို့ wireless တို့စတာတွေပါ ပါဝင်နေတဲ့ အဖြေတွေကို ရရှိမှာပါ။

4            OR ကို အသုံးပြုခြင်း

OR ဆိုတဲ့ operator ကိုကိုယ်အသုံးပြုရှာဖွေမဲ့ Keyword စကားလုံးတွေကြားမှာ ထည့်သွင်း အသုံးပြုခြင်းဖြင့် ကိုယ်သုံးလိုက်တဲ့ Keyword တစ်ခုမဟုတ်တစ်ခုနဲ့ အကျုံးဝင်တဲ့ ရလဒ်တွေရလာပါလိမ့်မယ်။ ဥပမာ – bash examples OR programs ဆိုပြီးရှာလိုက်ရင် Google ကရှာပေးမှာက bash examples သို့မဟုတ် bash programs နဲ့ပတ်သက်သမျှတွေကိုပဲဖြစ်ပါတယ်။

5            … ကိုအသုံးပြုခြင်း

ကိန်းဂဏန်းအကန့်အသတ်တစ်ခုအတွင်းမှာ ထိရောက်တဲ့ ရှာဖွေမှုတွေပြုလုပ်နိုင်ဖို့ … ကိုအသုံးပြုရပါတယ်။ ဥပမာ – PDA $100..$125ဆိုပြီး ရိုက်ရှာလိုက်ရင် ကိုယ်သုံးလိုက်တဲ့ ကိန်းဂဏန်း (ငွေကြေး) အကန့်အသတ်အတွင်းက PDA တွေနဲ့ပတ်သက်သမျှတွေကို ရှာဖွေတွေ့ရှိမှာပါ။

6            define: ကို အသုံးပြုခြင်း

စကားလုံးတစ်လုံး သို့မဟုတ် စကားစုတစ်စုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုရှာဖွေနိုင်ဖို့ ကိုယ်သိလို တဲ့စကားလုံးရှေ့ကနေ define: လို့ရိုက်ထည့်ရှာဖွေနိုင်ပါတယ်။ ဥပမာ – define:plethora လို့ သင်က ရိုက်ထည့်ရှာဖွေလိုက်တယ်ဆိုပါတော့။ ပြန်ရလာမယ့်အဖြေတွေကတော့ plethora ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ သက်ဆိုင်သမျှ လင့်ခ်တွေဖြစ်ပါလိမ့်မယ်။

7            site: ကို အသုံးပြုခြင်း

ကိုယ်လိုချင်တဲ့ဝဘ်ဆိုဒ်တစ်ခုထဲမှာပဲ သီးသီးသန့်သန့်ရှာဖွေချင်တယ်ဆိုရင်တော့ site: ကိုအသုံးပြုရပါတယ်။ ဥပမာအနေနဲ့ ကိုယ်က www.thegeekstuff.com ထဲက example တွေကိုပဲ ရှာဖွေချင်တယ်ဆိုပါတော့။ အသုံးက examples site:www.thegeekstuff.com ရယ်ပါ။ ဒါဆိုရင် Google က ဒီ thegeekstuff ဆိုဒ်ထဲမှာရှိတဲ့ example တွေကိုပဲ သီးသီးသန့်သန့်ရှာဖွေပေးမှာပါ။

8            link: ကို အသုံးပြုခြင်း

Search Engine မှာ ကိုယ်ရှာချင်တာက www.umich.edu ဆိုတဲ့ မီချီဂန်တက္ကသိုလ်ဝဘ်ဆိုဒ်ကို Link ချိတ်ထားတဲ့ ဝဘ်စာမျက်နှာတွေအကုန်ဆိုပါတော့။ ဒါဆိ်ုရင်တော့ ကိုယ့်ရဲ့ရှာဖွေမှုမှာ link: ဆိုတာလေး ထည့်ပေးရပါမယ်။ ဥပမာ – link:www.umich.edu ဆိုပြီးရှာလိုက်ပါ။ ကိုယ်ရလာမဲ့အဖြေတွေက www.umich.edu ဆိုတဲ့ဝဘ်ဆိုဒ်ကို Link ပေးထားသမျှ ဝဘ်စာမျက်နှာတွေဖြစ်ပါလိမ့်မယ်။

9            သချာင်္တွက်ချက်မှုတွေ ပြုလုပ်ခြင်း

Google Search Engine ဟာ calculator တစ်လုံးလို အသုံးပြုလိုရတယ်ဆိုတာ သင်သိပါသလား။ မသိသေးဘူးဆိုရင်တော့ ဒီလိုလေးတွေ ရိုက်ထည့်ပြီး စမ်းကြည့်လိုက်ပါ။ 4+7 , 30% of 55 , 20^2 , sqrt(4) , အစရှိတဲ့ သင်လိုအပ်သမျှ တွက်ချက်မှုတွေကိုပေါ့။ Google က အမှားအယွင်းမရှိ ရလဒ် တွေပြန်ဖော်ပြပေးမှာပါ။

10         ဆယ့်နှစ်လက်မ တစ်ပေ

Google Search Engine မှာ နောက်ထပ်စိတ်ဝင်စားစရာ အသုံးတစ်ခုကတော့ အတိုင်း အတာယူနစ်တွေရဲ့ညီမျှခြင်း၊ နောက် တစ်ခုကနေတစ်ခုကိုပြောင်းလဲ ကြည့်နိုင်တာပဲ ဖြစ်ပါတယ်။ တစ်လက်မမှာ ဘယ်လောက်စင်တီမီတာရှိသလဲ။ 28 ဒီဂရီစင်တီဂရိတ်ဟာ ဘယ်လောက်ဖာရင်ဟိုက်လဲ စတာမျိုးတွေဖြစ်ပါတယ်။ ဥပမာတွေကတော့ – kg in pound, km in mile, inch in feet, acre in square feet, sec in ms, kilobyte in byte.

11         ငွေစျေး

အထက်က ဥပမာနဲ့အလားတူ Google မှာ ငွေကြေးစျေးကွက်ကိုလည်း ရှာဖွေကြည့်နိုင်ပါတယ်။ ဥပမာ USD in Euro, USD in INR.

12       အချိန်နာရီ

တကယ်လို့ သင်ဟာ မြို့တစ်မြို့ရဲ့ အချိန်နာရီအတိအကျကို သိလိုတယ်။ ဥပမာ – အမေရိကန်နိုင်ငံ လော့အိန်ဂျဲလ်လိစ်မြို့ရဲ့ လက်ရှိအချိန်နာရီကို သိချင်တယ်ဆိုပါတော့။သင်လုပ်ရမှာက google.com ကိုဖွင့်ပြီး search box မှာ time Los Angeles လို့ရိုက်လိုက်ရုံပါပဲ။ အလားတူပဲ သင်ဟာ အဲဒီမြို့ရဲ့မိုးလေဝသအခြေအနေကို သိချင်တယ်ဆိုပါတော့ weather Los Angeles လို့ရိုက်ထည့် ရှာဖွေလိုက်ရုံပါပဲ။

ကဲ Google Search Engine နဲ့ ကိုယ်သိလိုတဲ့အကြောင်းအရာတွေကို ရှာဖွေရာမှာ အသုံးပြုနိုင်တဲ့  modifier လေးအချို့ကို ဖော်ပြပေးပြီးဖြစ်လို့ နောက်တစ်ခါ Googling လုပ်ရင် သုံးကြည့်ဖို့မမေ့နဲ့နော်။

Yangonese!

yangonese@gmail.com

( အခြေအနေပေးတယ် စိတ်ဝင်စားတယ် ဆိုရင် cache: site address ဆိုတာကိုလည်း စမ်းကြည့်လိုက်ပါ။ အဲဒါက Google.com ကနေ cache ဖမ်းထားတာလေးကိုကြည့်တာလို့ပဲ ပြောပါရစေ။ ဥပမာ – cache: yangonese.blogspot.com ဆိုတာမျိုး)

သင့် ဂျီမေးလ် Inbox ထဲက Mute ဆိုတဲ့ခလုတ်ကလေးကို ထောက်ကြည့်ဖူးပါသလား။ Mute ဆိုတဲ့ ခလုတ် ကလေးကို Inbox အပေါ် Option ဘားညာဖက်စွန်း More actions ဆိုတဲ့ dropdown box ကလေးအောက်မှာ ရှာ တွေ့နိုင်ပါတယ်။

ဒီ Mute ဆိုတဲ့ Option ကို Email thread တစ်ခုရဲ့ နောင်ပို့လာမဲ့ Message တွေကို မဖတ်ချင် လျစ်လျူရှု ထားချင်တဲ့အခါမှာ သုံးပါတယ်။ ဆိုကြပါစို့ ကိုယ်က Google Group လို ဒါမှမဟုတ် Facebook လို နေ့စဉ် ကိုယ့် Inbox ထဲကို Email Thread တွေ အများကြီးပို့နေတတ်တဲ့ Social Networking Site တွေမှာ ဝင် ထားတယ်။ သူတို့ပို့လိုက်သမျှမေးလ်တွေထဲမှာ တစ်ချို့ကတော့ အသုံးဝင်တာမျိုးဖြစ်ပြီး ကျန်တာတွေ ကတော့ လုံးလုံးအသုံးမဝင်တာတွေ ဖြစ်ကောင်းဖြစ်နေမှာပါ။ ကိုယ်မဖတ်ချင်တဲ့အီးမေးလ်ဆို ဖျက်ပစ်လိုက်ရုံ ဆိုပေမဲ့လည်း တစ်ယောက်ယောက်က ဒီ Thread အပေါ်မှာ တုံ့ပြန်မှုအသစ်တစ်ခုထပ် လုပ်လိုက်တာနဲ့ သင့် Inbox ထဲကို အဲဒီကိစ္စနဲပတ်သက်ပြီး အကြောင်းကြားတဲ့စာ ထပ်မံရောက်လာဦးမှာပါပဲ။

ဆိုတော့ ဒီလိုအခြေအနေမျိုးမှာ ကိုယ်ဆီရောက်လာတဲ့ မဆုံးနိုင်တဲ့ Email Thread တစ်ခုနဲ့ပတ်သက်ပြီး မဖတ်ချင် လျစ်လျူရှုထားလိုက်ချင်တယ်ဆိုရင် Mute ဆိုတာလေးကို အသုံးပြုနိုင်ပါတယ်။ Gmail Keyborad shortcut တွေဖွင့်ထားသူဆိုရင် shortcut key ‘m’ ကို အသုံးပြုနိုင်ပါတယ်။ ဒါဆိုရင် လူမှုရေးကွန်ယက်တွေက သက်ဆိုင်ရာဆိုဒ်တွေမှာ ကိုယ်ပါဝင်ပတ်သက်ထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ထူးခြားတာ၊ တစ်ယောက်ယောက်က အကြောင်းပြန်တာမျိုးရှိရင် အသိပေးတဲ့သဘော မျိုးပေးပို့နေတတ်တဲ့ မဆုံးနိုင်တဲ့ Email Thread တွေကို လျစ်လျူရှုထားနိုင်ပါပြီ။

ဒါ့အပြင် ကိုယ်က Email Thread တစ်ခုကို Mute လုပ်လိုက်တယ်ဆိုပေမဲ့ ဖျက်ပစ်လိုက်တာမျိုး မဟုတ်ဘဲ နောင်တစ်ချိန် ပြန်လည်ဖတ်ရှုချင်တဲ့အခါ Gmail Search Box ကနေ is:mute လို့ရိုက်ထည့်လိုက်တာနဲ့ ကိုယ်တစ်ချိန်က Mute လုပ်ခဲ့တဲ့ Message တွေကို ပြန်ရှာတွေ့နိုင်ပါတယ်။ အဲဒီအခါ Select မှတ်ပြီး Move to Inbox ဆိုတဲ့ Option ကို ရွေးချယ်လို့ ပြန်လည်ဖတ်ရှုလိုက်ရုံပါပဲ။

Yangonese!

Firefox မှာ အမျိုးမျိုးအထွေထွေသော သုံးစွဲသူတွေ အဆင်ပြေစေဖို့ ပံ့ပိုးပေးထားတဲ့ Addon တွေ အများရှိပါတယ်။ ဘရောက်ဆာ addon တွေဖြစ်တာနဲ့ အညီ တစ်ချို့ဟာတွေက အွန်လိုင်းရှိမှ အဆင်ပြေမှာ ဖြစ်သလို တစ်ချို့ဟာတွေက Offline မှာလည်း ပြန်သုံးလို့ရတာကိုတွေ့ရပါတယ်။ ဥပမာ – Gmail Manager လိုမျိုးဟာ အွန်လိုင်းရှိမှရမှာ ဖြစ်ပေမဲ့ firebug တို့ colorfultab တို့လိုမျိုးကတော့ offline မှာလည်း အဆင် ပြေပါတယ်။ ကျွန်တော်တို့လို web design လေ့လာနေသူတွေအတွက် လည်း offline မှာ ပြန်သုံးလို့ရတဲ့ web developer addon လေးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် အခက်အခဲတစ်ခုက အဲလို firefox ရဲ့ addon တွေကို ရယူအသုံးချဖို့ဆိုတာ ကိုယ် Firefox အင်စတောလုပ်ထားတဲ့ကွန်ပြူတာက အင်တာနက် ချိတ်ဆက်ထားမှဖြစ်မှာပါ။ Firefox addon တွေက သီးသန့်ဒေါင်းလုပ်ချပြီး install လုပ်ရတာမျိုးမဟုတ်ဘဲ အွန်လိုင်းက နေသာ တစ်ခါတည်း install လုပ်သွားတာပါ။ ဒီတော့ ကျွန်တော်တို့လို ဆိုင်တွေကနေ အင်တာနက် သုံးနေရတဲ့သူတွေက အခက်တွေ့တာပေါ့။ အိုကေ အဲဒီအတွက် ဖြေရှင်းနည်းလေးတစ်ခု ကိုပြောပြပါမယ်။

  • ပထမဆုံး အင်တာနက်ဆိုင်က Firefox ကိုသုံးပြီးတော့ပဲ ကိုယ်လိုချင်တဲ့ addon ကို install လုပ်လိုက်ပါ။ firefox က အွန်လိုင်းပေါ်က addon ဖိုင်နဲ့ ချိတ်ဆက်မယ်။ ပြီးရင် ကိုယ့်ကို install လုပ်မလား အတည်ပြုတဲ့အနေနဲ့မေးမယ်။ ကိုယ်က install လို့နှိပ်လိုက်တာနဲ့ သူ့ဘာသာ install လုပ်သွားမှာ ဖြစ်ပါတယ်။ အလုံးစုံပြီးသွားရင် addon Window လေးသပ်သပ်ပေါ်လာပြီး firefox ကို restart ချပါ ပြောလိမ့်မယ်။ အိုကေ သူပြောတဲ့အတိုင်း restart ကိုနှိပ်ပေးလိုက်ပါ။ ဒါဆို firefox ဟာ restart ကျသွားပြီး နောက်တစ်ခါ ပြန်တက်လာတဲ့အခါ addon window မှာ addon အသစ် install လုပ်ပြီးသွားပြီ ဆိုတဲ့အကြောင်းရယ်၊ firefox မှာလည်း အဲဒီ addon နဲ့သက်ဆိုင်တဲ့ Webpage ကို ဖော်ပြပေးနေမှာဖြစ်ပါတယ်။
  • ခုဆိုရင် ကိုယ်လိုချင်တဲ့ addon ဟာ Offline ကို (ကိုယ်သုံးနေတဲ့ အင်တာနက်ဆိုင်က သို့မဟုတ် အင်တာနက်ချိတ်ဆက်ထားတဲ့ ကွန်ပြုတာမှာ) ရောက်ရှိနေပါပြီ။ ဒီတော့ ကိုယ်အိမ်ကစက်ကို ကူးယူ သွားဖို့လုပ်ရပါမယ်။
  • C:>ProgramFiles>MozillaFirefox>extensions> ထဲကိုဝင်လိုက်ပါ။ အဲဒီနေရာဟာ Firefox addon တွေကို သိမ်းထားတဲ့နေရာဖြစ်ပါတယ်။ အဲဒီအထဲမှာ {c45c406e-ab73-11d8-be73-000a95b e3b12} အဲလို ကိန်းဂဏန်းအမည်တွေနဲ့ Folder တွေ တွေ့ရပါမယ်။ အဲဒါတွေက addon တွေရဲ့ data တွေပါပဲ။ အဲဒီအထဲက ကိုယ်လိုတဲ့ Addon Folder ကို ကူးယူလိုက်ရုံပါပဲ။
  • ဒီနေရာမှာ ဖိုဒါတွေက ကိန်းဂဏန်းနာမည်တွေဖြစ်တဲ့အတွက် ဘယ်ဖိုဒါက ဘာ addon ဆိုတာ ဒီအတိုင်းမသိနိုင်ပါဘူး။ အဲဒီအတွက် ဖိုဒါတွေကို ဖွင့်ကြည့်ပါ။ ဖိုဒါတိုင်းမှာ install.rdf ဆိုတဲ့ ဖိုင်လေးတွေပါပါတယ်။ အဲဒီ .rdf ဖိုင်ကို notepad နဲ့ဖွင့်ပါ။ (notepad++ နဲ့ဆိုရင်တော့ ဖတ်လို့ပိုအဆင်ပြေပါတယ်) အစပိုင်းလေးငါးဆယ်ကြောင်းလောက်ကို ကျော်ဖတ်လိုက်တဲ့အခါ <em:name>Web Developer ဆိုပြီးတွေ့ရပါမယ်။ နောက်က စာသားဟာ အဲဒီ Addon ရဲ့ နာမည်ပါပဲ။ နောက်ပြီး <em:description> ဆိုတာကို ရှာပါ။ အဲဒါကတော့ အဲဒီ addon ရဲ့ အကြောင်းဖော်ပြချက်ပါပဲ။ ကျွန်တော်ပြထားတဲ့ ဥပမာမှာ ဆိုရင် Adds a menu and a toolbar with various web developer tools. ဆိုပြီး ဖော်ပြထားပါတယ်။ အဲဒီလိုနည်းတွေနဲ့ ကိုယ်အလိုရှိတဲ့ Addon ရဲ့ data Folder ကို ရွေးချယ်ကူးယူနိုင်မှာဖြစ်ပါတယ်။
  • နောက်ဆုံးလုပ်စရာအနေနဲ့ ကိုယ် Addon ထည့်သွင်းချင်တဲ့ စက်က C:>ProgramFiles> MozillaFirefox>extensions> အောက်ကို ကိုယ်ကူးယူထားတဲ့ Addon Data ဖိုဒါလေး ထည့်လိုက်ပါ။ အခုဆိုရင် Firefox ကိုဖွင့်လိုက်တာနဲ့ Addon တစ်ခု install လုပ်ပြီးဖြစ်ကြောင်း အသိပေးတဲ့ Addon Window လေးပေါ်လာပါမယ်။
  • အိုကေ ခင်ဗျားလိုချင်တဲ့ Firefox addon ကို Offline Installation လုပ်ပြီးသွားပြီဖြစ်ပါတယ်။

(အခက်အခဲတစ်ခုရှိပါတယ်။ တစ်ချိုု့အင်တာနက်ဆိုင်တွေမှာ C: ကို Access ပိတ်ထားတာ၊ ဖျောက်ထားတာ မျိုးတွေရှိပါတယ်။ အဲဒါတွေက Addon ဒေါင်းလုပ်ချဖို့ရာ အဟန့်အတားတစ်ခုပါ။ ကျွန်တော်ထိုင်တဲ့ လမ်းထဲ ကဆိုင်ဆို C: ကိုဖျောက်ထားပါတယ်။ ဒါကြောင့်မို့ အဲဒီအခက်အခဲကိုဖြေရှင်းဖို့ တစ်နည်း အကြံထုတ် ရပါတယ်။)

  • http://www.portableapps.com ကိုသွားပြီး Morzilla Firefox, Portable Edition ကို ဒေါင်းလုပ် ချပါ။ အဲဒါကို စတစ်ထဲထည့်ပြီး ကိုယ်လိုချင်တဲ့ Addon ကို ဒေါင်းလုပ်ချဖို့ အသုံးချရပါတယ်။
  • လိုချင်တဲ့ Addon ကို ဒေါင်းလုပ်ချပါ။ firefox portable version မှာ Addon Folder တွေ သိမ်းတဲ့နေရာက [your device letter]:>FirefoxPortable>Data>profile>extensions> အောက်မှာ ဖြစ်ပါတယ်။ အိုကေ ကျန်တဲ့အပိုင်းတွေကတော့ တူတူပါပဲ။

အဆင်ပြေပါစေခင်ဗျာ
Yangonese!

Facebook အသုံးပြုသူတွေအတွက် Email ကနေတစ်ဆင့် ဓာတ်ပုံတွေ Upload တင် ဝေမျှနိုင်မဲ့နည်း ကို ပြောပြချင်ပါတယ်။ ပထမဆုံး Facebook ထဲကို Log in ဝင်ပါ။ Home page သို့မဟုတ် Profile မှာရှိတဲ့ Wall post ရေးတဲ့ Box အောက် Attach: ဘေးနားက Photos ပုံလေးကို Click နှိပ်လိုက်ပါ။

ပြီးရင် Upload a Photo from your drive ဆိုတာကို ရွေးပါ။

မိမိရဲ့ကွန်ပြူတာမှာရှိတဲ့ ဓာတ်ပုံတွေထဲကနေ ရွေးချယ်နိုင်ဖို့ Box လေး ပေါ်လာပါလိမ့်မယ်။ Browse အောက်နားက စာလုံး သေးသေးလေးနဲ့ ဖော်ပြထားတဲ့ upload via email ဆိုတဲ့ စာကြောင်းလေးကို Click နှိပ်လိုက်ပါ။

အဲဒီအခါ Upload Photos via Email ဆိုတဲ့ ခေါင်းစဉ်နဲ့ Facebook မှာဓာတ်ပုံတင်ဖို့ သင်တစ်ဦး တည်းကသာ သီးသန့်အသုံးပြုပြီး ဆက်သွယ်နိုင်မယ့် upload email လိပ်စာတစ်ခုကို တွေ့မြင်ရမှာ ဖြစ်ပါ တယ်။ အခုဆိုရင် အဲဒီ Upload email ကို အသုံးပြုပြီး Gmail, Ymail စတဲ့ mail တွေက တစ်ဆင့် Facebook ပေါ်ကို ဓာတ်ပုံတွေ Upload တင်နိုင်ပြီ ဖြစ်ပါတယ်။

မိမိ ဝေမျှလိုတဲ့ဓာတ်ပုံတွေကို Attachment အနေနဲ့ Email မှာတွဲပြီး အဆိုပါ Upload Email လိပ်စာ ကို စာပို့လိုက်ရုံနဲ့ Facebook ပေါ်ကို ဓာတ်ပုံတွေရောက်ရှိသွားမှာပါ။  သင် ဓာတ်ပုံပို့တဲ့ Email ရဲ့ Subjuct နေရာမှာ ထည့်လိုက်တဲ့စာသားက ပုံစာ (caption) ဖြစ်သွားမှာဖြစ်ပါတယ်။ Upload email လိပ်စာကို ဓာတ်ပုံမပါဘဲနဲ့ Subjuct ထဲမှာ တစ်ခုခုရိုက်ထည့်ပို့လိုက်ရင် သင့် status အဖြစ် ရောက်ရှိသွားမှာ ဖြစ်ပါ တယ်။ upload email လိပ်စာကို ဓာတ်ပုံတွေအတွက်သာမက Video ဖိုင်တွေ Upload တင်ဖို့ပါ အသုံးပြု နိုင်ပါတယ်။ သင့်အနေနဲ့ Facebook က အလိုအလျောက်ထုတ်ပေးတဲ့ upload email လိပ်စာကို မကြိုက်ရင် refresh your upload email ဆိုတဲ့စာသားကို Click နှိပ်ပြီး စိတ်တိုင်းကျတဲ့အထိ ပြောင်းလဲရယူနိုင်မှာ ဖြစ်ပါ တယ်။

Yangonese!