အင်္ဂလိပ်စာ လေ့လာလိုက်စားသူတွေအတွက် … WordWeb လို့ခေါ်တဲ့ English to English အဘိဓာန် ဆော့ဖ်ဝဲလ်နဲ့ မိတ်ဆက်ပေးပါရစေ … ။ continue reading…
အင်္ဂလိပ်စာ လေ့လာလိုက်စားသူတွေအတွက် … WordWeb လို့ခေါ်တဲ့ English to English အဘိဓာန် ဆော့ဖ်ဝဲလ်နဲ့ မိတ်ဆက်ပေးပါရစေ … ။ continue reading…
Ebook တွေဖတ်ရတာ တကယ့်စာအုပ်ဖတ်ရတဲ့ ခံစားမှုမျိုးမရဘူးလို့ ဆိုသူတွေအတွက် အပြောင်း အလဲလေး တစ်ခုပေးစွမ်းနိုင်မဲ့ ebook reader software တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Martview လို့အမည်ရတဲ့ ebook reader software ဟာ Ebook တစ်အုပ်ကို ပြင်ပလောကမှ သမရိုးကျစာအုပ် တစ်အုပ်လို တစ်မျက်နှာချင်း စိတ်ကြိုက်လှန်လှောဖတ်ရှုနိုင်အောင် စွမ်းဆောင်ပေးနိုင်တဲ့ Software တစ်ခု ဖြစ်ပါတယ်။ Martview Reader မှာ Ebook စာမျက်နှာတွေကို Click နှိပ် Drag ဆွဲပြီး တကယ့်စာအုပ်တစ်အုပ်ကို ဖတ်ရှုနေရသလို တစ်မျက်နှာချင်းလှန်လှော ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Martview reader မှာ စာမျက်နှာတွေကို Slide တစ်ခုအသွင် နဲ့ အပေါ်အောက် ဘေးဘယ်ညာ စိတ်ကြိုက်ရွေ့လျားပြီး ဖတ်ရှုနိုင်အောင်လည်း စွမ်းဆောင်ပေးနိုင်ပါတယ်။ Thumbnail Feature ကလည်း လိုရာစာမျက်နှာကို လျင်လျင်မြန်မြန် သွားရောက်ဖတ်ရှုနိုင်အောင် ကူညီပေးပါလိမ့်မယ်။
Martview reader မှာ mart ဖိုင်အမျိုးအစား Ebook တွေကို အဓိကအသုံးပြုနိုင်ပြီး လူသုံးများတဲ့ Pdf ဖိုင် Ebook တွေကိုလည်း အဆင်ပြေပြေ ဖတ်ရှုနိုင်ပါတယ်။ ဒါ့အပြင် pdf, jpg, gif, zip, rar ဖိုင် အမျိုးအစားတွေကနေ mart ဖိုင် Ebook အဖြစ် လွယ်လွယ်ကူကူ ပြောင်းလဲပေးနိုင်တဲ့ စွမ်းဆောင်ချက်ပါရှိပြီး မိမိဖန်တီးထားတဲ့ Martview Ebook တွေကို Online မှာ ပြန်လည်ဝေမျှနိုင်ဖို့ Upload Ebook Feauture လည်း ပါဝင်ပါတယ်။ Martview reader မှာ တွဲဖက် ဖတ်ရှုနိုင်ဖို့ အခမဲ့ Ebook ၊ EMags (မဂ္ဂဇင်း) ငါးထောင်နီးပါးကို လွယ်လွယ်ကူကူရယူနိုင်အောင် စီစဉ်ပေးထားတဲ့ Download Ebook Feature လည်း ပါဝင်တာမို့ Ebook တွေ တစ်ဝကြီးဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
Martview reader software ဟာ အခမဲ့ရယူနိုင်တဲ့ software တစ်ခုဖြစ်ပြီး သုံးစွဲလိုသူများ http://www.mart view.com မှာ ရယူနိုင်ပါတယ်။
Yangonese!
Real Simple Syndication လို့ခေါ်တဲ့ RSS ရဲ့ အံ့မခန်းအစွမ်းကို ကောင်းကောင်းအသုံးချနိုင်သူဦးရေဟာ အင်တာနက်အသုံးပြုသူဦးရေရဲ့ ခြောက်ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့ စစ်တမ်းတစ်ခုက ဆိုပါတယ်။
ကိုယ်က ဝဘ်ဆိုဒ်တွေ ထောင်နဲ့သောင်းနဲ့ချီသိပေမဲ့ အဲဒီဆိုဒ်တွေမှာ အကြောင်းအရာ အသစ်တင်မတင် နေ့စဉ်စောင့်ကြည့်ဖတ်ရှုနေဖို့ဆိုတာ မလွယ်လှတဲ့ကိစ္စပါ။ အဲဒီအခက်အခဲတွေကို ဖြေရှင်းဖို့ Web 2.0 ရဲ့ သင်္ကေတ တစ်ခုအဖြစ် RSS ဆိုတာ မွေးဖွားလာတာပါ။ ကိုယ်စိတ်ဝင်စားတဲ့ ဆိုဒ်တွေဆီက Feed လေးတွေ ယူထားရုံနဲ့ အဲဒီဆိုဒ် တွေမှာ နေ့စဉ်အသစ်ဖြစ်ပေါ်လာတဲ့ အကြောင်းအရာပေါင်းစုံကို တစ်ခုချင်းလိုက်ကြည့် နေစရာမလိုတော့ဘဲ Google Reader မျိုး RSS Feed ဖတ်ရှုနိုင်တဲ့ ဝန်ဆောင်မှုပေးတဲ့ ဆိုဒ်တစ်ခုကနေ အေးအေးဆေးဆေး စောင့်ဖတ်နိုင်မှာပါ။ အွန်လိုင်းပေါ်မှာRSS ဖတ်ရှုနိုင်ဖို့ ဝန်ဆောင်မှုပေးတဲ့ ဆိုဒ်တွေ အများကြီးရှိပါတယ်။
အဲလိုပဲ အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန်ပြူတာတစ်လုံးအဖို့လည်း Google Gear ၊ FeedDaemon စတဲ့ Desktop RSS Reader Software တွေကို အသုံးပြုပြီး RSS Feed တွေကို Offline အနေနဲ့ ဒေါင်းလုတ်ရယူ ဖတ်ရှု နိုင်ပါတယ်။ ဒါပေမဲ့ Public Access Center တွေကနေ အင်တာနက် အသုံးပြုနေရသူတွေအဖို့ အွန်လိုင်းပေါ်က ကိုယ့် RSS Feed တွေကို Offline ပြန်လည်ဖတ်ရှုနိုင်ဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။
အခုတော့ အဲဒီပြဿနာကိုဖြေရှင်းနိုင်မဲ့ GreatNews ဆိုတဲ့ Portable Software လေး ပေါ်ထွက်လာပါပြီ။ GreatNews ဟာ အွန်လိုင်းပေါ်က ကိုယ့် RSS Feed တွေကို ကွန်ပြူတာတိုင်းမှာ Offline အနေနဲ့ပြန်လည် ဖတ်ရှုချင်သူ တွေ အတွက် Portable RSS Reader လေးပါ။
GreatNews ကို Memory Stick ၊ Mp3 Mp4 Player တွေမှာထည့်သွင်းအသုံးပြုနိုင်ပြီး အင်တာနက် Access ရှိတဲ့နေရာမှာ Update လုပ်ပေးသွားရုံနဲ့ ကိုယ်မှာယူထားတဲ့ RSS Feed တွေကို ကွန်ပြူတာတိုင်းမှာ Offline အနေနဲ့ ပြန်လည်ဖတ်ရှုနိုင်မှာပါ။ GreatNews ဟာ အွန်လိုင်းပေါ်က ကိုယ့်ရဲ့ RSS Feed တွေကို ကိုယ်ပိုင် Database နဲ့ Offline အသုံးပြုလို့ရအောင် သိမ်းဆည်းပေးထားလို့ဖြစ်ပါတယ်။ ဒါပေမဲ့လည်း GreatNews မှာ Prefecthing မပါဝင်သေးတဲ့ အတွက် ကိုယ့် RSS Feed ထဲက စာသားတွေအတွက်တော့ အလွန်ကောင်းမွန်လှပြီး ရုပ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကိုတော့ Offline မှာ ပြန်လည်ဖတ်ရှုနိုင်မှာ မဟုတ်ပါဘူး။
GreatNews ကိုစိတ်ဝင်စားသူများ www.curiostudio.com ကနေ .exe ဖိုင်အနေနဲ့ သို့မဟုတ် install လုပ် စရာမလိုတဲ့ zip ဖိုင်အနေနဲ့ အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်။