Yangonese

One More Click!

Browsing Posts in Blogging

နေ့စဉ်နဲ့အမျှ သန်းပေါင်းများစွာသော လူသားတွေဟာ အခြားသူများနဲ့ အိုင်ဒီယာတွေ ဝေမျှဖို့၊ ရှာဖွေဖို့၊ ဖန် တီးဖို့ Twitter ကိုအသုံးပြုကြပါတယ်။ အခုအခါမှာတော့ လူတွေဟာ Twitter ကို စီးပွားရေးလုပ်ငန်းတွေအတွက် ထိ ရောက်တဲ့နည်းလမ်းတစ်ခုအဖြစ်တောင် ပြောင်းလဲအသုံးပြုနေကြပြီ ဖြစ်ပါတယ်။ နယ်မြေခံဆိုင်ကလေးတွေမှသည် ကမ္ဘာ လုံးချီအမှတ်တံဆိပ်တွေအထိ Twitter နဲ့ချိတ်ဆက်လုပ်ဆောင်ပြီး အကျိုး အမြတ် ရှာဖွေနေကြပြီ ဖြစ်ပါတယ်။

အင်ပါယာစတိတ်အဆောက်အအုံမှာ အလုပ်လုပ်ကြတဲ့သူတွေ ရေခဲမုန့်အရောက်ပို့ပေးတာလိုချင်လို့ Tweet လုပ်ကြတဲ့အခါ နယူးယောက်နယ်ခံ Tasti D Lite က အဲဒါတွေကို စောင့်ကြည့်နားထောင်ပြီး သူတို့တွေရဲ့လိုအင်ကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ အီလက်ထရွန်းနစ်ဝယ်ယူသူတွေ ပစ္စည်းကောင်းလေးတွေရှာကြချိန်မှာ ဒဲလ်အရောင်းဆိုင်ရဲ့ တွစ်တာအကောင့်က သီးသန့်ကူပွန်လေးတွေထုတ်ပေးပြီး ငွေကုန်ကြေးကျ သက်သာစေခဲ့ပါတယ်။ ဟူစတန်က ကော်ဖီ သရဲတွေ နေ့စဉ်သောက်ဖို့ ဆိုင်စဉ်းစားကြတဲ့အခါ အများစုက တွစ်တာ ကနေ အော်ဒါမှာလို့ရတဲ့ Coffee Groundz ကို ရွေးချယ်ကြပါတယ်။ တွစ်တာဘာလဲဆိုတာ လေ့လာဖို့ရယ်နဲ့ ကုမ္ပဏီတွေက သူကိုဘယ်လိုအသုံးချကြတယ်ဆိုတဲ့ အသေးစိတ်နမူနာတွေသိရှိနိုင်ဖို့ ဆက်ဖတ်ကြည့်လိုက်ပါ။ ဒီစာမျက်နှာမှာ သင့်လုပ်ငန်းကို တွစ်တာက ဘယ်လိုအကူ အညီပေးနိုင်တယ်ဆိုတာကို ထုတ်ဖော်ပြသထား ပါတယ်။

ကဲ တွစ်တာက စီးပွားရေးလုပ်ငန်းတွေအတွက် ဘာလုပ်ပေးပါသလဲ။ continue reading…

ဘလော့ဂ်အမျိုးအစားတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အဓိကအားဖြင့် အောက်ပါအတိုင်း သုံးမျိုး သတ်မှတ်နိုင်ပါတယ်။

Personal/Journal – တစ်စုံတစ်ယောက်က တစ်ဦးတည်းရေးသားတဲ့၊ နေ့စဉ်မှတ်တမ်းဆန်ဆန် ရေးသားတဲ့ ဘလော့ဂ်

Collaborative – ရေးသားသူအများအပြား ပူးပေါင်းပါဝင်ရေးသားကြတဲ့ဘလော့ဂ်

Topical – အကြောင်းအရာတစ်ခု နယ်ပယ်တစ်ခုအပေါ်မှာ အခြေပြုရေးသားသောဘလော့ဂ်

ဒါ့အပြင် ဓာတ်ပုံများကိုသာ အဓိကထားတင်ဆက်တဲ့ Photoblog နဲ့ သက်ဆိုင်ရာကဏ္ဍတွေက ကောင်းနိုးရာရာ လင့်ခ်တွေချည်း စုစည်းတင်ဆက်တဲ့ Link Compilation ဘလော့ဂ်အမျိုးအစားတွေ ရှိပါသေး တယ်။ continue reading…

အောင်မြင်သောဘလော့ဂ်တစ်ခု တည်ဆောက်နိုင်ရန် Niche ကောင်းကောင်းတစ်ခု လိုအပ်သည်ဟု ကျွန်တော်ယုံကြည်ပါသည်။ Niche (နစ်ချ်)ဆိုသည်မှာ နေရာကောင်း၊ စီးပွားရေးအခွင့်အလမ်းဟု ဘေဘီလုံ အော်နာဂီက ဖွင့်ဆိုသည်။ ဘလော့ဂ်ဂါရာဇီထဲတွင် ကျွန်တော်ဘာသာပြန်ခဲ့တော့ ဘလော့ဂ်လောကထဲမှာ ကိုယ်ဝင်ပလေးမဲ့ အကြောင်းအရာနယ်ပယ် ရယ်လို့ဖြစ်သည်။

ဟုတ်ပါသည်။ ဘလော့ဂ်တစ်ခုစတင်လိုက်ပြီဆိုလျှင် ပထမဦးဆုံးစတင်စဉ်းစားသင့်သည်က ငါ ဘာရေးမလဲဟူ၍ ဖြစ်သည်။ ဤနေရာတွင် ကျွန်တော်သတိထားမိသည်က ဘလော့ဂ်ဂါလက်သင်အများစု၏ အဖြေမှာ ရေးချင်ရာရေးမည်ဟု ဖြစ်ပုံရသည်။ (တကယ်လည်း ရေးချင်ရာရေးကြပါသည်။) ထို့ထက် နည်းနည်းပိုသတိရှိသူများသာ ဘလော့ဂ်လောကမှ လက်ရှိအောင်မြင်နေသောဘလော့ဂ်များကို အတုယူ ကြသည်။ ဒါပေသိ သူတို့အတုယူပုံက အတုခိုးတာဘက် အများကြီးကဲလေသည်။ ထိုကြောင့် မြန်မာ ဘလော့ဂ် လောကကိုကြည့်လျှင် ရသနွယ်သော ချစ်မုန်းသနားဟာသ ဝတ္တုမကျ အက်ဆေးမကပို့စ်များနှင့် Pirate Software ပေးခြင်းများ၊ စုံစီနဖာနည်းပညာပို့စ်များကိုသာ အများအားဖြင့် တွေ့ရလေသည်။ ယခု နောက်ပိုင်း မှာတော့ သတင်းဆန်သောပို့စ်များနှင့် Corporate ဘလော့ဂ်များ အားကောင်းလာသည်ကို တွေ့ရသည်။ သို့သော် ကျွန်တော်တို့ ဖောက်ထွက်ရန် Niche (နစ်ချ်) ပေါင်းများစွာ ကျန်နေသေးသည်ကို သတိမူလေ့လာ သင့်လှပါသည်။ continue reading…

ဘလော့မလုပ်ခင် ဒီနေ့ တကယ့်ဘလော့ဂ်လောကဟာ ဘယ်လိုရှိနေတယ်ဆိုတာကို အရင်လေ့လာပါ ။

ဘလော့နဲ့ပတ်သတ်လို့ လူပေါင်းစုံ ( အတွေ့အကြုံပေါင်းစုံ ) ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါင်းစုံကို လေ့လာပါ ။

တကယ်အောင်မြင်တဲ့ဘလော့ဂ်တစ်ခုကို တည်ဆောက်ဖို့ဆိုရင် ခင်ဗျား ဘာတွေ စိတ်ဝင်စားတယ် ဘာတွေ စိတ်ဝင်စားထားသင့်တယ် လေ့လာပါ ။ ခုလက်ရှိ ဘလော့ဂ်အသိုင်းအဝိုင်းမှာ ဘာတွေ စိတ်ဝင်တစား ပြောဆိုနေကြတယ် ဆိုတာကို နားထောင်ပါ ။ continue reading…

ဘလော့ဂ်ဆိုတာဘာလဲ

ဘလော့ဂ်ဆိုတာ သမိုင်းမှတ်တမ်းတင်ထားတဲ့ အွန်လိုင်းဒိုင်ယာရီ တစ်မျိုးပါတဲ့ ။

( အွန်လိုင်းမှာ မှတ်တမ်းဝင်သွားတာကတော့ အမှန်ပါပဲ )

ဘလော့ဂ်လုပ်ခြင်းရဲ့ အကျိုးကျေးဇူးများ

မိမိကိုယ်ကို ကျွမ်းကျင်ပညာရှင်တစ်ယောက် အဖြစ်နေရာရစေတယ်

( ဘလော့ဂ်ဂါအများစုရဲ့ ပို့စ်တွေက ကိုယ်အကြောင်းကိုယ်ရေးကြတာပါ ။ လူဆိုတာ ကိုယ့်အကြောင်းကိုယ်အသိဆုံးမဟုတ်လား ။ ဒီတော့လောကကြီးမှာ ခင်ဗျားနဲ့ ပတ်သက်လို့ ခင်ဗျားသာလျှင် တစ်ဦးတည်းသော ကျွမ်းကျင်ပညာရှင်ပေါ့ဗျာ) continue reading…