Yangonese

One More Click!

Browsing Posts published by Yangonese

ယနေ့ခေတ်မှာ အဆင်ပြေလွယ်ကူမှုကို အကြောင်းပြုပြီး တစ်ခါသုံး ပလတ်စတစ်အိတ်၊ တစ်ခါသုံး ဘရိတ်ဓား၊ တစ်ခါသုံးဇွန်း၊ တစ်ခါသုံးရေခွက် စသဖြင့် အရာအားလုံးက တစ်ခါသုံးတွေ ဖြစ်လာကြပါတယ်။ ဒီလိုပဲ ဆိုက်ဘာကမ္ဘာကြီး ထဲအထိ တစ်ခါသုံး email address, တစ်ခါသုံး website လိပ်စာစသည်ဖြင့် ကူးစက်ပျံ့နှံ့လာရာမှာ ဒီတစ်ပတ်မှာ မိတ်ဆက် ပေးချင်တာကတော့ တစ်ခါသုံး Web Page တွေ ရယူနိုင်မဲ့ Website တစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။ continue reading…

ကိုယ့် Email အကောင့်ထဲကို ကိုယ်မသိတဲ့လိပ်စာတွေနဲ့ ကြော်ငြာတွေ၊ စိတ်အနှောက်အယှက်ဖြစ်စရာတွေ၊ သတင်းမှားပေးပို့ချက်တွေနဲ့ ဝင်လာတတ်တဲ့ Mail မျိုးကို Spam Mail လို့ခေါ်ပါတယ်။ တစ်နည်းအားဖြင့် အွန်လိုင်းပေါ်က အမှိုက်တွေပါပဲ။ Google, Yahoo, Live စတဲ့နာမည်ကျော် Email ဝန်ဆောင်မှုတွေမှာ Spam Mail တွေကို တတ်နိုင်သမျှ စစ်ထုတ်ကာကွယ်ပေးတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားကြပေမဲ့ Spam Mail တွေက နည်းလမ်းပေါင်းစုံနဲ့ ဝင်လာ တတ်ပါသေးတယ် ဒါကြောင့် Email အသုံးပြုသူတွေအတွက် ကိုယ့်ဆီရောက်လာတဲ့ Spam Mail တွေကို အမြင်ဆန်းဆန်း Desktop Wallper အဖြစ်ပြောင်းလဲပစ်နိုင်မဲ့ Website လေးတစ်တစ်ခုကို ဒီတစ်ပတ်မှာ မိတ်ဆက်ပေးချင်ပါတယ်။ continue reading…

ဘဝဆိုတာ ကံစမ်းမဲတစ်ခုလိုပါပဲ။ ကိုယ်ဘယ်နေရာမှာ မွေးဖွားရှင်သန်လာရမယ်ဆိုတာ ဘယ်သူမှ ကြိုတင်ရွေး ချယ်နိုင်ခြင်း မရှိပါဘူး။ တကယ်လို့ ကိုယ်ဟာ အခြားနိုင်ငံတစ်ခုမှာသာ မွေးဖွားရှင်သန်ခဲ့မယ်ဆိုရင် ဘယ်လိုမျိုး အခြေအနေ တွေနဲ့ ရှင်သန်ကြုံတွေရမှာပါလဲ။ ဒီမေးခွန်းရဲ့အဖြေအတွက် စိတ်ဝင်စားစရာ Website လေးတစ်ခုကို ညွှန်းပေးချင်ပါ တယ်။

continue reading…

ယနေ့ခေတ်မှာ နာမည်ကျော် လူမှုရေးကွန်ယက် Website တွေ၊ အွန်လိုင်းဝန်ဆောင်မှု Website တွေကို တစ်နေ့ ထက်တစ်နေ့ လူသုံးတွင်ကျယ်လာသလို တစ်ဖက်ကလည်း အဲဒီလို Website တွေရဲ့ လုံခြုံရေးဆိုင်ရာ ချိုးဖောက်ခံရမှု၊ လစ်ဟာအားနည်းမှု သတင်းတွေကို ရံဖန်ရံခါ ကြားလာရပါတယ်။ ဒါကြောင့် အဲဒီလို Cyber Crime တွေက ကြိုတင် ကာကွယ်နိုင်မဲ့နည်းလမ်းတစ်ခုအဖြစ် ကိုယ့်ရဲ့ Facebook Account လုံခြုံရေးကို စစ်ဆေးကာကွယ်နိုင်မဲ့ နည်းလမ်းတစ်ခု ကို ပြောပြချင်ပါတယ်။ continue reading…

ကျွန်တော် ပြီးခဲ့တဲ့လက အလောင်းတော်ကဿပကိုသွားတော့ ဖိုလ်ဝင်တောင်မှာ လေးရက်လောက် တည်းဖြစ်ခဲ့ပါတယ်။ ပထမဆုံး ရောက်စရက်မှာပဲ သုံးနာရီလောက်အချိန်ပေးပြီး ဖိုလ်ဝင်တောင် တစ်ပတ် ဓာတ်ပုံပတ်ရိုက်ဖြစ်ခဲ့ပါတယ်။ အဲဒီပုံတွေကို ကျွန်တော့် Facebook Page မှာ တင်ပေးထားတာမို့ အောက်က Link မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

Welcome to Pho Win Taung

မှတ်ချက်။    ။ အင်္ဂလိပ်လိုဆိုရင် တောင်ကို Mountain လို့ဆိုရမှာ ဖြစ်ပေမဲ့ လူတိုင်းနဲ့ရင်းနှီးတဲ့အသံထွက်အတိုင်းကိုပဲ ရေးထားတာ ဖြစ်ပါတယ်။

မြန်မာနည်းပညာဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Myanmar Tutorials က ပထမဆုံးအကြိမ်ကျင်းပြုလုပ်တဲ့ Web Design Contest မှာ ယှဉ်ပြိုင်ရမဲ့ကာလကုန်လွန်ပြီးနောက် နောက်ဆုံးရရှိသောစာရင်းများအရ ဝင်ရောက်ယှဉ်ပြိုင်သူ (၁၅) ဦးရှိတယ်လို့ သိရပါတယ်။ အဆိုပါပြိုင်ပွဲမှာ အကောင်းဆုံးဆုရရှိသူကို

- ဒိုမိန်းတစ်ခုနှင့် Hosting တစ်နှစ်စာ (သို့) ၆၀၀၀၀ ကျပ်တိတိ (Sponsored by Ma Phyu Sin Kyaw)
- HTML5 & CSS3 Paper Book
(Sponsored by Mg Pyone)
- Adobe Photoshop Classroom in a Book (Original Quality Reprinted)
(Sponsored by Ko Htoo Myint Naung (Technomation Studio))
- Learning Web Design (Sponsored by Ko Htoo Myint Naung)
- DEFINED Dictionary (Sponsored by Ko Htoo Myint Naung)

ချီးမြှင့်သွားမှာ ဖြစ်ပြီး Second Best Award, Best Design Award, Best Technology Award, Special Award များကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ continue reading…

ပထမဆုံး ကျွန်တော့်ဘလော့ဂ်ကို လာဖတ်တဲ့သူတွေကို တောင်းပန်စကား စပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဆိုဒ်က တစ်နေ့တစ်ခြား ဘလော့ဂ်နဲ့မတူတော့ဘဲ စာမျက်နှာသေကြီး ဖြစ်နေလို့ပါ။ ပို့အသစ်မတင်ဖြစ်တာလည်း ကြာပါပေါ့။ အဲဒီအတွက် တကူးတကလာဖတ်တဲ့သူတွေကို (တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် :) ) တောင်းပန်ပါတယ်ဗျာ။

ကျွန်တော့်မှာလည်း စာနယ်ဇင်းသမားမို့ စာတွေရေးဖြစ်သော်လည်း ဘလော့ဂ်ပေါ်မတင်နိုင်လောက်အောင်ကို အလုပ်ရှုပ်လှတာကြောင့် ပို့အသစ်တွေ သုံးလေးဆယ်လောက်ကို လက်ထဲမှာကိုင်ထားပြီး မတင်ဖြစ်, ဖြစ်နေရပါတယ်။ နောက်မှ အကုန်လုံးပေါင်းပြီး စာအုပ်ထုတ်ပေးဖို့ အစီအစဉ်လည်း လုပ်နေတော့ ပေါ့လျော့နေမိတာလည်း ပါပါတယ်။ continue reading…

ညလေးကို လွမ်းတဲ့ညက တိမ်တွေဟာ ဘယ်နား အနည်ထိုင်နေ မသိ …
ဗလာကျင်းနေတဲ့ ကောင်းကင်ကြီးမှာ လမင်းက ကိုယ့်ချစ်စိတ်ကူးလိုလေ …
ကြယ်လေးတွေ တဖွားဖွားပွင့်လန်းနေကြတဲ့ တောရိုင်းပန်းငယ်လေးတွေနှယ် …
တစ်ချိန်က မင်းနဲ့ကိုယ် ကြည့်ရယ်မောခဲ့ကြသလို … ၊
… လွမ်းတယ် … လေပြည်ညှင်းတွေ ကိုယ့်ရင်တွင်းစကားသံပါကွယ် …
နာရီသံတွေ အကောင်းဆုံးတရားတစ်ပုဒ်ပါ …
ပင့်သက်ရှိုက်မောတွေ … သက်လွန်ဝေဒနာ ဖြေရာမရှိရဲ့အစလေကွယ် …

အမိဘက်မှ ဆိုင်သော ကွန်နက်ရှင် အဖဘက်မှ ဆိုင်သော ကွန်နက်ရှင် … မုန့်ဖြူမုန့်နီ ဘီယာဝီစကီများလည်း ဆက်သပါတယ် … တက်ပါ တက်ပါ ကြာကြာမလေးလို့ ခဏခဏ အထာတွေလည်း မပေးပါနဲ့ … ကိုယ်တော်ကွန်နက်ရှင် ပြုသမျှ နုရတဲ့ ငမိုက်သားတွေပါ … တစ်ရံတစ်ခါ ပြောမှားဆိုမှား ဗွေဆိုးဗွေညစ်များကိုလည်း စိတ်ခုတော် မမူပါနဲ့ … ကိုယ်တော်လေးတို့ကျွေးမှ စားရတဲ့ ဝဘ်သမားတွေပါ … အဲလေ သည်းခံပါခင်ဗျ သည်းခံပါခင်ဗျ … အွန်လိုင်းသမားတွေပါ … ကိုယ်တော်တို့မကြိုက်တဲ့ ဟိုဆိုဒ်တွေလည်း မကြည့်ပါဘူး … ပရောက်ဆီတွေကိုလည်း မဆည်းကပ်ပါဘူး … ဖရီးဒမ်း ဆိုလည်း ဝေရာမဏိပါခင်ဗျ … ကြာကြာကြည့်မိရင်တောင် အပြစ်သင့်မှာစိုးလို့ ပွင့်ကာလေ ပွင့်စေတော့ ရသလောက်နဲ့တင် တင်းတိမ်ပါတယ်ခင်ဗျ … ကျေနပ်ပါတယ်ခင်ဗျ … နောင်ဆို သားတော်ကြီးတို့ ရှာသမျှ အင်တာနက်ဖိုးနဲ့တင် ကုန်မှာကိုလည်း မငြူစူတော့ပါဘူး … လေးကာပင် လေးစေတော့ ဖေ့ဘွတ်စ်ကလေးလည်း တက်ပြပါခင်ဗျ … ဂျီတော့ခ်ကလေးလည်း ပွင့်ပြပါခင်ဗျ … ကိုယ်တော်တို့ဆော့ သားတော်မော့ရအောင် ဘလော့ဂ်စပေါ့လေးလည်း ရံဖန်ရံခါ ပွင့်ပါခင်ဗျ …
(*ဆက်ရန်*)

Google ကထုတ်တဲ့ Chrome Browser ဟာ Web စာမျက်နှာတွေ ကြည့်ရှုရာမှာ Loading မြန်ခြင်း၊ ဒီဇိုင်း အသွင်အပြင် ရိုးရှင်းပြီး အသုံးပြုရ လွယ်ကူခြင်းတို့ကြောင့် IE, Firefox တို့နဲ့အပြိုင် သုံးစွဲသူတွေ အကြိုက်တွေ့ကြပေမဲ့ အင်တာနက် ချိတ်ဆက်ထားမှသာ Install လုပ်အသုံးပြုနိုင်မဲ့ အခက်အခဲ ရှိခဲ့ပါတယ်။ continue reading…

ISO Standard နဲ့အညီ ထုတ်လုပ်ထားတဲ့ မြန်မာစာ Unicode version 5.1 ကို အသုံးပြုချင်ပေမဲ့ ယူနီကုဒ် လက်ကွက်နဲ့ အကျွမ်းမဝင်သေးတဲ့ သူတွေအတွက် အဆင်ပြေစေမဲ့ Website လေး တစ်ခုကို ညွှန်းပေး ချင်ပါတယ်။ continue reading…

စာရိုက်ခြင်းဟာ မရှိမဖြစ်တဲ့ အခြေခံ ကွန်ပြူတာ စွမ်းရည်တစ်မျိုးဖြစ်ပြီး စာရိုက်မြန်ခြင်းဟာလည်း အသုံးဝင် အလုပ်တွင် ကျယ်စေနိုင်တာမို့ အချိန်ရရင် ရသလို လေ့လာထားသင့်ပါတယ်။ အခုတစ်ပတ်မှာ ဂိမ်းတစ်ခုသဖွယ် ဆော့ကစားရင်း ကိုယ်ရဲ့ စာရိုက်အမြန်နှုန်းကို မြှင့်တင်ပေးမဲ့ စိတ်ဝင်စားစရာ Typing Game Website လေးတစ်ခုကို မိတ်ဆက်ပေး ချင်ပါတယ်။

Typeracer ဟာ ကိုယ့်စာရိုက်အမြန်နှုန်း အပေါ်မူတည်ပြီး ကားမောင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ Typing Game Website တစ်ခု ဖြစ်ပါတယ်။ ရိုက်ရမဲ့ စာသားတွေအဖြစ် စာအုပ်တွေ၊ ရုပ်ရှင် တွေနဲ့ သီချင်းတွေက စာသားတွေကို ကောက်နုတ်ပေးထားပြီး ကမ္ဘာတစ်လွှားက အခြားကစားသမားတွေနဲ့အပြိုင် ပေးထားတဲ့စာသားတွေကို မြန်နိုင်သမျှ မြန်အောင်ရိုက်ရင်း ကိုယ် ကိုယ်စားပြုထားတဲ့ ကားကို သတ်မှတ်ချိန်အတွင်း ပန်းဝင်နိုင်အောင် အချိန်နဲ့ တစ်ပြေးညီ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Typeracer မှာ တစ်ယောက်တည်း စာရိုက်လေ့ကျင်ချင်လည်း ရသလို ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို ဖိတ်ခေါ်ပြီး Chatting လုပ်ရင်း သီးသန့်ပြိုင်ပွဲလေးတွေ ယှဉ်ပြိုင်နိုင်ပါသေးတယ်။

စိတ်ပါဝင်စားသူ Typing Crazy တွေအတွက် မှတ်ပုံမတင်ဘဲနဲ့လည်း ဝင်ရောက် စမ်းသပ်ဆော့ကစားနိုင်တဲ့ Typeracer ရဲ့လိပ်စာက http://play.typeracer.com ဖြစ်ပါတယ်။

Yangonese!