စာရိုက်ခြင်းဟာ မရှိမဖြစ်တဲ့ အခြေခံ ကွန်ပြူတာ စွမ်းရည်တစ်မျိုးဖြစ်ပြီး စာရိုက်မြန်ခြင်းဟာလည်း အသုံးဝင် အလုပ်တွင် ကျယ်စေနိုင်တာမို့ အချိန်ရရင် ရသလို လေ့လာထားသင့်ပါတယ်။ အခုတစ်ပတ်မှာ ဂိမ်းတစ်ခုသဖွယ် ဆော့ကစားရင်း ကိုယ်ရဲ့ စာရိုက်အမြန်နှုန်းကို မြှင့်တင်ပေးမဲ့ စိတ်ဝင်စားစရာ Typing Game Website လေးတစ်ခုကို မိတ်ဆက်ပေး ချင်ပါတယ်။
Typeracer ဟာ ကိုယ့်စာရိုက်အမြန်နှုန်း အပေါ်မူတည်ပြီး ကားမောင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ Typing Game Website တစ်ခု ဖြစ်ပါတယ်။ ရိုက်ရမဲ့ စာသားတွေအဖြစ် စာအုပ်တွေ၊ ရုပ်ရှင် တွေနဲ့ သီချင်းတွေက စာသားတွေကို ကောက်နုတ်ပေးထားပြီး ကမ္ဘာတစ်လွှားက အခြားကစားသမားတွေနဲ့အပြိုင် ပေးထားတဲ့စာသားတွေကို မြန်နိုင်သမျှ မြန်အောင်ရိုက်ရင်း ကိုယ် ကိုယ်စားပြုထားတဲ့ ကားကို သတ်မှတ်ချိန်အတွင်း ပန်းဝင်နိုင်အောင် အချိန်နဲ့ တစ်ပြေးညီ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Typeracer မှာ တစ်ယောက်တည်း စာရိုက်လေ့ကျင်ချင်လည်း ရသလို ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို ဖိတ်ခေါ်ပြီး Chatting လုပ်ရင်း သီးသန့်ပြိုင်ပွဲလေးတွေ ယှဉ်ပြိုင်နိုင်ပါသေးတယ်။
စိတ်ပါဝင်စားသူ Typing Crazy တွေအတွက် မှတ်ပုံမတင်ဘဲနဲ့လည်း ဝင်ရောက် စမ်းသပ်ဆော့ကစားနိုင်တဲ့ Typeracer ရဲ့လိပ်စာက http://play.typeracer.com ဖြစ်ပါတယ်။
Yangonese!